Professional Authors

ပိုချစ်တဲ့သူ ကိုယ်ဖြစ်ပါရစေ (ဂျူး)

“သူတို့စောင့်ရှောက်သော်ငြား
ကိုယ်ငရဲရောက်နိုင်သား”
ကြယ်တွေကို မော့ကြည့်ကာပင်
ကိုယ်တရေးရေးသိမြင်။
မြေပေါ်မှာဖြင့်
အနည်းဆုံးတော့ လျစ်လျူရှုသင့်
လူ သို့မဟုတ် တိရစ္ဆာန်ကို
ကိုယ်တို့ ကြောက်ရမယ်ထင့်။
ကြယ်ဆိုတာက ကိုယ့်တို့အတွက် လောင်ကျွမ်းနေရ။
ကိုယ်တို့က  ဘာမှ ပြန်မပေးနိုင်ဘူးဆိုပါရင်၊
ဒါမျိုးဟာ ကောင်းရဲ့လား။
ချစ်ခြင်းမတူနိုင်သော်မှဖြင့်
ပိုချစ်တဲ့သူ ကိုယ်ဖြစ်ပါရစေ။
အပြစ်မတင်တတ်တဲ့ ကြယ်တွေကို
ချီးကျူးငေးမောသူ ကိုယ်ဟာ
ကြယ်တစ်စင်းကို
တစ်နေ့လုံးလွမ်းနေတယ်လို့ မပြောသာပါဘူး။
‘ကြယ်တွေအားလုံး ပျောက်ကွယ်သွားခဲ့ရင်
ဒါမှမဟုတ် သေဆုံးသွားခဲ့ရင်
ကိုယ်က ဗလာကောင်းကင်ကို မော့ကြည့်ရင်း
ပိန်းပိတ်တဲ့ အမှောင်ရဲ့ ခမ်းနားမှုကို
ခံစားယူရတော့မယ်။
အချိန်တော့ နည်းနည်းယူရမှာပေါ့’

ဂျူး – “ပိုချစ်ရတဲ့သူ ကိုယ်ပဲဖြစ်ပါစေ”.. ၀တ္ထု မှ

In: ကဗျာ,ဂျူး Posted By: Date: Apr 15, 2011
Comment #1

ချစ်ခြင်းမတူနိုင်သော်မှဖြင့်
ပိုချစ်တဲ့သူ ကိုယ်ဖြစ်ပါရစေ။
အပြစ်မတင်တတ်တဲ့ ကြယ်တွေကို
ချီးကျူးငေးမောသူ ကိုယ်ဟာ
ကြယ်တစ်စင်းကို
တစ်နေ့လုံးလွမ်းနေတယ်လို့ မပြောသာပါဘူး။
‘ကြယ်တွေအားလုံး ပျောက်ကွယ်သွားခဲ့ရင်
ဒါမှမဟုတ် သေဆုံးသွားခဲ့ရင်
ကိုယ်က ဗလာကောင်းကင်ကို မော့ကြည့်ရင်း
ပိန်းပိတ်တဲ့ အမှောင်ရဲ့ ခမ်းနားမှုကို
ခံစားယူရတော့မယ်။

commentinfo By: May Kha at Apr 15, 2011
Comment #2

အရမ်းကြိုက်တယ်

commentinfo By: Khin Cho Win at Jun 1, 2011
Comment #3

ကြယ်တွေအားလုံး ပျောက်ကွယ်သွားခဲ့ရင်
ဒါမှမဟုတ် သေဆုံးသွားခဲ့ရင်
ကိုယ်က ဗလာကောင်းကင်ကို မော့ကြည့်ရင်း
ပိန်းပိတ်တဲ့ အမှောင်ရဲ့ ခမ်းနားမှုကို
ခံစားယူရတော့မယ်။

commentinfo By: k nge lay at Sep 5, 2011
Comment #4

အ၇မ်းကောင်းတဲ့ကဗျာလေးတစ်ပုဒ်ပါ

commentinfo By: Village chat kyi at Sep 7, 2011
Comment #5

Let the more loving one be me……….အဲဒါလေးအရမ်းကြိုက်မိပါတယ်ဆရာမ

commentinfo By: Salai Peter at Oct 5, 2011
Comment #6

email me

commentinfo By: real at Oct 5, 2011
Comment #7

အရမ်းကောင်းပါတယ် ဆရာမ

commentinfo By: Myat Min at Nov 17, 2011
Comment #8

ချစ်ခြင်းမတူနိုင်သော်မှဖြင့်
ပိုချစ်ရတဲ့သူ ကိုယ်ပဲဖြစ်ပါရစေ…..

အဲဒီစာသားလေးကိုကြိုက်လွန်းလို့
စာအုပ်တောင်အပိုင်ဝယ်ထားတယ်…

commentinfo By: လွမ်းနောင် at Nov 17, 2011
Comment #9

စာသားတွေကိုနှစ်သက်ပါတတယ်ဆရာမ

commentinfo By: ချစ်မိုးဦး at Dec 26, 2011
Comment #10

ပိုချစ်တဲ့သူ ကိုယ်ဖြစ်ပါရစေ

commentinfo By: နတ်သမီး at Feb 17, 2012
Comment #11

let me share

commentinfo By: arryoneoo at Mar 25, 2012
Comment #12

ကဗျာ ကကောင်းတယ်။။ အားပေးပါတယ်သယ်ရင်း။။

commentinfo By: Ths at Jun 5, 2012
Comment #13

သူတို့ စောင့်ေ၇ှာက်သော်ငြား ကိုယ်င၇ဲေ၇ာက်နိုင်သား…..
ဒီအပိုဒ်ကိုအကြိုက်ဆုံး!!!

commentinfo By: agela lin at Dec 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment