Professional Authors

နှလုံးသားရိုက်ခတ်မှု၏ တေးသံ ( ပိုးတောင် (mech:))

ကြိုမတွေးခဲ့မိဘူး
ခွဲခွာ ရမယ့်အဖြစ်ကိုလေ ….. ။

ဝမ်းနည်းစရာတွေ ဘေးဖယ်ထားလို့
တို့နှစ်ယောက် ပျော်ပါးခဲ့တဲ့ အချိန်တုန်းကပေါ့ …. ။

မာနတွေ ခ၀ါချလို့
အတ္တတွေ ခဏ ဘေးဖယ်ထားခဲ့တယ် ….. ။

ပေးဆပ်ခြင်းတွေ ပမာပြုလို့
ဖြူစင်တဲ့ ချစ်ခြင်းတွေနဲ့
အပူအပင်မဲ့စွာ နေခဲ့ကြတယ် ….. ။

အခုတော့ ….
မမျှော်လင့်ကြိုမတွေးပါပဲ
ဖြူစင်တဲ့ ကောင်မလေးမှာ
မာနတွေ စွန်းထင်းလာတယ်လေ ….. ။

မဖြစ်နိုင်တဲ့ အခြေအနေမှန်းသိပေမယ့်
ပဲ့ကြွေတော့မယ့် နှလုံးသားရဲ့
ငိုရှိုက်သံ သဲ့သဲ့တွေကိုတော့
နားဆင်လှည့်ပါလား ….. မေ …. ။
                                            ပိုးတောင် (mech:)
သင်းကွဲနွေ မှာ ရင်ခုန်ကြသူများ (ကဗျာ ၊ စာစုများ ) မှ

In: ကဗျာ Posted By: Date: Apr 14, 2011
Comment #1

pay sat chin tway pa mar pyu loh…
phyu sin de chit chin tway ne…

commentinfo By: ei lay at Sep 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment