Professional Authors

နင်လေ အကဲခတ် ရိပ်မိ ပါတော့

တဒင်္ဂ ဆုံတွေ့ခိုက်
ဘယ်ဖက် ရင်ဘတ် တ၀ိုက်
လှုပ်ခတ်သွားတယ် ။
ကောင်မလေး
နင့်အတွက် ကဗျာဖွဲ့
ကာရံညီမယ့် စာလုံးများ
ရှာ မတွေ့ဘူး ။
်သည်းခံပြီး ဒီကဗျာကို
ဖတ်စေချင်တယ် ။
“မင်းကို ချစ်တယ် ” ဒီလိုပါ “အရုးအမှူး”
နင် နေမကောင်းဘူးလို့ သတင်းကြားရင်
ငါလည်း ထပ်တူ နေမကောင်း သလို
မလန်းဆန်းနိုင် ခံစားရပါတယ် ။
နင် ငါ့ကို သတိရ ရင်
ငါ လည်း ထပ်တူ သတိရနေတယ် နော်  ….
နင့် စာတစ်စောင် ရေးလိုက်တယ်
ငါ လည်း ပြန်စာ ရေးပေးလိုက်တာ
သုံး လေး စောင် ။
နင့်ကို ချစ်တာ နင့်ကို လွမ်းတာ နင့်ကို သတိရတာ
ပြောမထွက်ခဲ့ဘူး
နင်လေ အကဲ ခတ် ရိပ်မိပါတော့လား ။

In: ကဗျာ Posted By: Date: Apr 13, 2011
Comment #1

great.
but u must tell out.

commentinfo By: ei lay at Jul 19, 2011
Comment #2

read again.
i like so so much,

commentinfo By: ei lay at Dec 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment