Professional Authors

ငါ …. ယောကျာ်းတစ်ယောက်အနေနဲ့

မိန်းကလေး
မင်းကို သိပ်ချစ်နေမိပြီ
ငါ ယောကျာ်းတစ်ယောက်အနေနဲ့
ဝန်ခံ သင့်တယ်  ။
ယောကျာ်း တစ်ယောက်အနေနဲ့ ငါ
ပေါက်ကွဲ ဖူးတယ်
ရင်ခုန်ဖူးတယ် ။
မိန်းကလေး …. အခုတော့
ငါ တို့ ဝေးရပြီ
ယောကျာ်းတစ်ယောက်အနေနဲ့ ငါ
လွမ်းတယ် လို့ ၀န်ခံသင့်တယ် ။

ဒါပေမယ့်
မင်းကို လွမ်းလို့
အိပ်မရ စားမရ မျက်နှာချောင်တယ် လို့
အပြောမခံ ချင်
လူတွေ ၀ိုင်းပြောကြမှာ
ယောကျာ်း တစ်ယောက်အနေနဲ့ ငါ
ရှက်သင့်တယ် 
မာန ရှိသင့်တယ် ။
ငါ မင်းအပေါ် ငြိတွယ် နေတုန်းပဲ ဆိုရင်
ယောကျာ်းတစ်ယောက်အနေနဲ့ ငါ
ရှိမနေသင့်ဘူး
ယောကျာ်းတစ်ယောက်အနေနဲ့ ငါ
ရှက်သင့်တယ် ။

ငါ …
ယောကျာ်းတစ်ယောက်အနေနဲ့
မိန်းကလေး တစ်ယောက်အပေါ်
မမိုက်ရိုင်း သင့်ဘူး
မယိုင်လဲ သင့်ဘူး
ယောကျာ်းတစ်ယောက်အနေနဲ့ ငါ
မဖြစ်နိုင်တော့တဲ့ အခြေအနေပေါ်
မှီခို ရှိမနေသင့်ဘူး ။
ယောကျာ်းတစ်ယောက်အနေနဲ့ ငါ
အသဲနု မနေသင့်ဘူး မနုတော့ဘူး
လောင်ကျွမ်းနေတဲ့ မီး
ငြိမ်းသတ် သင့်ပြီ ။
(မိန်းကလေး )
နင်လည်း
မိန်းကလေး တစ်ယောက်အနေနဲ့
ငါ့ ရှေ့က ထွက်သွားပြီပဲ
ငါ လည်း
ယောကျာ်း တစ်ယောက်အနေနဲ့
…………………………………..။
(ကတုံးလေး )

In: ကဗျာ Posted By: Date: Apr 13, 2011
Comment #1

oh,,
so sorry to know.
nice creation poem.

commentinfo By: ei lay at Feb 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment