Professional Authors

အတု

ဆံပင်အတု…
မျက်တောင်အတု…
ခြေလက်အင်္ဂါအတု…
တိုးတက်တဲ့ခေတ်မှာ
အတုအယောင်ဆိုတာ လွယ်လိုက်တာ
မိတ္တူတွေပွားထားသလိုပဲ

မိတ်ဆွေအတု…
အပြုံးအတု…
ချစ်ခြင်းမေတ္တာအတု…
အတုတွေများလွန်းတော့
နှိုင်းယှဉ်ခွဲခြားဖို့
အစစ်တောင် ရှာမတွေ့တော့ဘူး

ငါရော…
အလွန်းလို့ အတု ရလိုက်တာလား
လည်လွန်းလို့ အတု လုပ်လိုက်မိတာလား
ငါ့ကိုငါ ရှာဖွေကြည့်မိတယ်
ဟော… တွေ့ပါပြီ
ငါဆိုတာလည်း
အတုအယောင်ပါပဲ။   ။

လှိုင်မျိုး
April 11, 2011

In: ကဗျာ Posted By: Date: Apr 12, 2011
Comment #1

ကဗျာလေးက အရမ်းမိုက်တယ် ကြိုးစားထားနော်… fighting!

commentinfo By: eikyaw at Apr 25, 2011
Comment #2

koh say ta nar koh kou a kyoe pay hmar par..
don’t b nervous,,,u’ll get what u give,

commentinfo By: ei lay at Dec 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment