Professional Authors

လူငယ် – နရီထက်

ဟန်ဆောင်မှုကို မလိုလား
ရိုးသားမှုကို ဖက်တွယ်မည်

စံတွေကို မကိုးကွယ်
လွတ်လပ်မှုကို ခုံမင်သည်

ဆံပင်ပုံစံတွေ ကြိုက်သလိုထားမည်
အရိုင်းအစိုင်းလို မနေသည်

မချစ်သော်လည်း အောင့်ခါနမ်း
ခါးသက်တဲ့ အနမ်းကို ရွံ့မုန်းသည်
ချိုမြိန်တဲ့ အနမ်းများ မြတ်နိုးသည်

အရှိကို အရှိတိုင်းပြောမည်
တိုးတက်မှုကို လိုလားသည်

အပြောင်းအလဲတွေကြားမှာ
မပြောင်းလဲတာက စိတ်ဓါတ်
သောကများ အရည်ဖျော်သောက်သည်

ရပ်မနေပါ လမ်းတစ်ဝက်မှာ
ဆောက်လျှောက်နေသည် လမ်းမဆီမှာ
အမှားတွေနှင့် ပေရည်မနေပါ
အမှန်တွေကို ရအောင်ရှာမည်

မွန်းကျပ်နေတဲ့ မြို့ပြတွေထဲမှာ
တိမ်တွေပြိုကျလာမှာကို
မကြောက်တတ်တဲ့သူတွေပါ…။    ။

နရီထက်
( ၁၂ ၊ ဧပြီလ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Apr 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment