Professional Authors

ခရီး……..(မင်းလူန)

ထသွားပြီးမှတော့ ပြန်ကြည့် မနေနဲ့ 
မေ့ ကျန်သမျှတွေအတွက်
ကိုယ့် ဘာသာပဲတာဝန်ယူရမယ်လို့ သိပြီးမှတော့ လဲ
ဘယ်သူကိုမှထင်ယောင်ထင်မှားဖြစ်မနေနဲ့ တော့ 
ခေါင်းပြူလို့ မရဘူး
လက်ထုတ်လို့ မရဘူး
ခါးပိုက်ပြီးနှိုက်တက်တဲ့ သူထက်
ကိုယ့် ကိုယ်ကိုယ်သာဂရုစိုက်
လိုတဲ့ ခရီးကိုရောက်ပြီထင်ရင်တော့ ပြတ်ပြတ်သားသားဆင်းရဲ့ ရမှာပေါ့ 
………………
ခရီးကထွက်ပြီးနေပြီမိတ်ဆွေ……….
လမ်းဆုံ့းရောက်အောင်လဲကိုယ့် ဘာသာပဲမောင်းရမှာမို့ အတိုက်အခိုက်နည်းအောင်တော့ သတိထားပါ…………..
မင်းလူန

In: ကဗျာ Posted By: Date: Apr 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment