Professional Authors

သတိရခြင်း အခမ်းအနား (၄)

ရိုစီ….
ဒီနေ့ အတူထိုင်ဖူးတဲ့ ဆာဗူသီးဆိုင်
ငါ တစ်ယောက်ထဲ ၀င်ထိုင်သွားတယ်
အရင် မှာစားခဲ့တဲ့ အတိုင်းပဲ
တစ်ပွဲ မှာစားတယ် ။
အရင် စားခဲ့တဲ့ အတိုင်းပဲ
ဒါပေမယ့် အရသာမတူချင်ဘူး

ရိုစီ…
အချစ်ဆိုတာ ဘာလဲ ။
ဘာလဲ အချစ်ဆိုတာာ ။
နင့်ကို မေးတုန်းက နင့်မှာ ဖြေဖို့ အဖြေ အတိအကျ မရှိခဲ့ဘူး
ငါ့ကို မေးပါ ငါ့မှလည်း တိတိကျကျ အဖြေ မပေးနိုင်ဘူး
ဒါပေမယ့် ။။
အချစ်ကို လေ့လာဆဲ
ဒါပေမယ့် ။။
အချစ်ကို စာတွေ့လက်တွေ့ မသင်ခဲ့ ဖူးဘူး
အချစ်ဆိုတာ
ချိုသလား ခါးသလား ။
ခင်ဗျားတို့ လက်ခံ ယုံကြည်တဲ့အချစ်ဆိုတာကကော
ဘာများလဲ ဘယ်လိုများလဲ ၊
မင်းနဲ့တွေ့ရင် မျက်နှာခြင်းဆိုင် တွေ့ရရင်
ငါ ရင်ခုန်တယ် ဒါအချစ်လား ။
မင်းကို မတွေ့ရရင် မင်းမျက်နှာကို မတွေ့ရရင်
ငါ သတိရတယ် ဒါအချစ်လား ။
မင်း ရဲ့ ပြုစုယုယ မှုတွေ ငါ တောင့်တမိ
အချစ်ဆိုတာ ဒါများလား ။
ဘယ်လိုပဲ ဆိုဆို
အချစ်တိုတာ ဘာလဲ ဆိုပြီး
သိချင် သိချင် သိချင် လိုက်ကြတာ
အချစ်ဆိုတာကို ဖွေရှာ ဖွေရှာ ဖွေရှာ လိုက်ကြတာ
ကမ္ဘာအနှံ့ နေရာပေါင်းစုံ
ဒဏ်ရာ ပေါင်းစုံလည်းမနည်း ရခဲ့ကြ
တစ်ချို့ က ချို ပါတယ်
တစ်ချို့ က ခါး ပါတယ်
အလူးအလှဲ ရှာဖွေ နေကြတဲ့ အချိန်ပဲ
ပျော်စရာကောင်းတာ
တကယ့် အချစ်ဆိုတာကို သိလိုက် ရတဲ့ အချိန်မှာ
အချစ်ဆိုတာ က
ပေးစပ် စရာတွေ
စွန့်လွှတ် စရာတွေ နဲ့
အများ ကြီး…….
အများ ကြီး…..ပါ ရိုစီရယ် ။
(၁၁ ဧပရယ် ၂၀၁၁)

In: ကဗျာ Posted By: Date: Apr 11, 2011
Comment #1

right..\
right..\

commentinfo By: ei lay at Dec 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment