Professional Authors

လှတယ်. . . – နရီထက်

ရင်ထဲက ကျလာတာပါ…
ဦးနှောက်က တွက်ဆလို့
လျှာဖျားက အလိမ်အကောက်နှင့်
မထစ်ငေါ့အောင် ပြောလိုက်သေးတယ်
တကယ်ပါ….
သိပ်လှတယ်…

အနိုင်ယူချင်တဲ့ ပွဲတွေမှာ
စကားထိုးစစ်က
အခြေအတင် ခင်းကျပြန်တော့
အလှပဆုံး သုံးတတ်သူက
စကားပဲ့ကြွေတဲ့သူကို
အသုံးချသွားတတ်ကြတယ်
သိပ်လှတယ်…

အရှိကို နယ်လွန်
မရှိကို အမွှန်းတင်
နဂိုအတိုင်းလည်း ထားတတ်တယ်
အတိတ်ဟောင်းလို့လည်း မေ့တတ်ကြတယ်
တစ်ခါတစ်ခါ ဌက်ဆိုးထိုးသံ
တစ်ခါတစ်ခါ ၀ံပုလွေအူသံ
တစ်ခါတစ်ခါ ခွေးဟောင်သံတွေထဲ
လရောင်တွေတောင် ပြိုကျမတတ်ပဲ
သိပ်လှတယ်…

ဘေးထွက်နေပေမဲ့
ပြေးထွက်လာတဲ့စကားလုံးတွေက
အလကာင်္စီခြယ်
အလိမ်အညာ ပလီပလယ်
ပစ်လွတ်လိုက်တဲ့စကားလုံးတွေက အစီအရီရယ်
တကယ် မိတယ်
သိပ်လှတယ်…

ရိုးတွင်းခံ အရိုးရှင်းဆုံးကို
ဖယ်ထုတ်ဘေးဖယ်ပြီးမှ
တကယ်အသုံးချခဲ့တာတွေက
မုသားဝါဒတွေ…
သိပ်လှတယ်…။     ။

နရီထက်
( ၁၁ ၊ ဧပြီလ ၊ ၂၀၁၁ )

လူကဲခတ်တတ်ဖို့၊ ရင့်ကျက်ဖို့၊ ယုံကြည်မှုတွေကို ကိုးစားနိုင်ဖို့ဆိုတာ တကယ့် တကယ်ကို ခက်ခဲနက်နဲလှပါတယ်…။    ။

In: ကဗျာ Posted By: Date: Apr 11, 2011
Comment #1

အနိုင်ယူချင်တဲ့ ပွဲတွေမှာ
စကားထိုးစစ်က
အခြေအတင် ခင်းကျပြန်တော့
အလှပဆုံး သုံးတတ်သူက
စကားပဲ့ကြွေတဲ့သူကို
အသုံးချသွားတတ်ကြတယ်
သိပ်လှတယ်…
မိုက်တယ်ဗျာ ကဗျာက ….တကယ်ကောင်းတယ်….။

commentinfo By: ကေသရီ at Apr 11, 2011
Comment #2

အရမ်းကိုကောင်းပါတယ်အကိုကြီး..
တကယ်အားပေးတယ်အကိုကြီးကို……………..တပုဒ်လုံးကောင်းတယ်

commentinfo By: myintmo at Apr 11, 2011
Comment #3

ရင်ထဲက ကျလာတာပါ…
ဦးနှောက်က တွက်ဆလို့
လျှာဖျားက အလိမ်အကောက်နှင့်
မထစ်ငေါ့အောင် ပြောလိုက်သေးတယ်
တကယ်ပါ….
သိပ်လှတယ်…အနိုင်ယူချင်တဲ့ ပွဲတွေမှာ
စကားထိုးစစ်က
အခြေအတင် ခင်းကျပြန်တော့
အလှပဆုံး သုံးတတ်သူက
စကားပဲ့ကြွေတဲ့သူကို
အသုံးချသွားတတ်ကြတယ်
သိပ်လှတယ်…ပြေးထွက်လာတဲ့စကားလုံးတွေက
အလကာင်္စီခြယ်
အလိမ်အညာ ပလီပလယ်
ပစ်လွတ်လိုက်တဲ့စကားလုံးတွေက အစီအရီရယ်
တကယ် မိတယ်
သိပ်လှတယ်…

ရိုးတွင်းခံ အရိုးရှင်းဆုံးကို
ဖယ်ထုတ်ဘေးဖယ်ပြီးမှ
တကယ်အသုံးချခဲ့တာတွေက
မုသားဝါဒတွေ…
သိပ်လှတယ်…။ ။ကိုကြိး ဒိ ကဗျာတော်တော် ကောင်းတယ် ဖတ်တဲလူတွေလဲ ပညာရတယ် ကိုကြိး ဒိလို ဗဟုသုတ ရတဲ့ ကဗျာ တွေ ကိုရေးတဲ ကိုကြိးကိုလည်းလေးစားပါတယ် ဆက်အားပေးသွားမယ်နော်

commentinfo By: thu ya at Apr 25, 2011
Comment #4

ရိုးတွင်းခံ အရိုးရှင်းဆုံးကို
ဖယ်ထုတ်ဘေးဖယ်ပြီးမှ
တကယ်အသုံးချခဲ့တာတွေက
မုသားဝါဒတွေ…
သိပ်လှတယ်…။ ။

Comment #5

ဟုတ်ပါတယ်… ငါ့ညီ

commentinfo By: Nayihtet at Jun 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment