Professional Authors

တိတ်တခိုး – မောင်စိန်ဝင်း(ပုတီးကုန်း)

ပန်းပွင့်တယ်ဆိုတာက
သဘာဝပါခင် ။ ။
အလှကြည့်ခံချင်လို့
ပန်ဆင်စေရည်စူးပြီး
ဖူးပွင့်မဆင်။ ။

ခင်ကြိုက်ရင်အညှာကိုချိုး
ခင်မြတ်နိုးတော့ပန်ချင်ပန်
ခင်မပန်ခင်မကြိုက်တော့လဲ
ပစ်လိုက်ပေါ့ နော် ခင်…
ဆင်ချင်မှ ဆင်ပါတော့။ ။

ခင်ရယ် …
မကြင်လို့ဘဲဖြစ်ဖြစ် မမြင်လို့ဘဲဖြစ်ဖြစ်ပေါ့၊
သစ်ရွက်ကြိုသစ်ရွက်ကြားက
ခင်သွားရင်ရနံ့ပေး
ခင်မွှေးရင် ပျော်ရွှင်လို့
ခင်မမြင် ခင်မကြည့်ပေမယ့်
ခင်သိရင်ကျေနပ်ပါရဲ့
ရွက်ချပ်စိုကြိုအကြားမှာဘဲ
ပွင့်သွားတာပေါ့ ….။ ။

မောင်စိန်ဝင်း(ပုတီးကုန်း)

Comment #1

မကြင်လို့ဘဲဖြစ်ဖြစ် မမြင်လို့ဘဲဖြစ်ဖြစ်ပေါ့၊
သစ်ရွက်ကြိုသစ်ရွက်ကြားက
ခင်သွားရင်ရနံ့ပေး
ခင်မွှေးရင် ပျော်ရွှင်လို့
ခင်မမြင် ခင်မကြည့်ပေမယ့်
ခင်သိရင်ကျေနပ်ပါရဲ့
ရွက်ချပ်စိုကြိုအကြားမှာဘဲ
ပွင့်သွားတာပေါ့ ….။ ။

commentinfo By: May Kha at Dec 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment