Professional Authors

နောက်လှည့်အကြည့်

နောက်လှည့်အကြည့်

မရှက်ဘူးလား … ဆိုတော့
ရှက်ပါတယ်။
မ မက်ဘူးလား … ဆိုပြန်တော့
မက် မိပေါ့။
ဒီလို
မက် စိတ်နဲ့
ရှက်ခဲ့ရ အတိတ်တွေက မနည်း။

မမှတ်ဘူးလား … ဆိုတော့
မှတ်ပါတယ်။
ထပ်မှားလား … ဆိုပြန်တော့
မှားမိပြန်ပေါ့။
ဒီလို
မှတ်မှတ်ကြီးနဲ့
မှား ခဲ့သမျှ အပြစ်တွေက မနည်း။

မတွက်ဘူးလား … ဆိုတော့
တွက်ပါတယ်။
အဖြေထွက်သလား … ဆိုတော့
မထွက်ဘူးလေ။
ဒီလို
တွက် ရက်နဲ့
အဖြေမထွက်ခဲ့တဲ့ လောကပုစ္ဆာတွေလည်း များပေါ့။

မချစ်တတ်ဘူးလား … ဆိုတော့
အသည်းကျွမ်းလု မတတ်ပါ။
နီးစပ်ကြလား … ဆိုပြန်တော့
ဝေးခဲ့ရပေါ့။
ဒီလို
ချစ်လျက်နဲ့ ဝေးခဲ့ရတဲ့ အဖြစ်က တစ်ခု နဲ့ တစ်သက်စာ။

မပြုံးဘူးလား … ဆိုတော့
ပြုံး နေပါတယ်။
ရှုံး လား … ဆိုပြန်တော့
ရှုံး ခဲ့ပေါ့။
ဒီလို
ရှုံ ချိန်မှာ ပြုံးနိုင်ဖို့လဲ လေ့လာမိပြီ။

အဆုံးမသတ်သေးဘူးလား … ဆိုတော့
သတ်ပါ့မယ်။
ပြောစရာကျန်သေးလား … ဆိုပြန်တော့
သိပ်ကျန်ပေါ့။
ဒီလို
အဆုံးသတ်မဟုတ်တဲ့ အဆုံးသတ်မှုတွေလဲ
အချိန်နဲ့တိုင်းရင်း … ရှိနေဦးမှာ ပေါ့လေ။
———————–

In: ကဗျာ Posted By: Date: Apr 30, 2010  
Comment #1

your poems are very nice !
i like all of your..
try on !…

commentinfo By: khinesuthwe at May 19, 2010
Comment #2

thanks khinesuthwe.

commentinfo By: Za TaGwel at Jul 28, 2010
Comment #3

i like it… full of nice words

commentinfo By: vi0let \/en0m at Sep 24, 2010
Comment #4

မတူညီမှု ၂ ခုနဲ့အားပြိုင်နေတာလား…:)

commentinfo By: theinginyunt09 at Oct 19, 2010
Comment #5

အဲဒီလိုပဲပြောရမလား….
အချီချီထိုးသတ်ပြီး ရှုံးခဲ့တဲ့ပွဲရဲ့မှတ်တမ်းလို့ ပြောရမလား …

commentinfo By: Za TaGwel at Oct 22, 2010
Comment #6

ကောင်းလိုက်တဲ့ ခံစားချက်

commentinfo By: နွေ at Aug 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment