Professional Authors

ငါမဟုတ်တဲ့ငါ

ချစ်သူ ရင်ကိုခွဲလို့

ဝေဟင်ကိုပျံသန်းမဲ့

ငှက်တစ်ကောင်

ငါမဟုတ်ပါဘူး………….

ချစ်သူ နှလုံးသားကို

လမ်းခင်းပြီး

ပျော်ရွှင်ဖွယ်ခရီးတစ်ခု

လျှောက်လမ်းမဲ့သူတစ်ယောက်

ငါမဟုတ်ပါဘူး………….

ချစ်သူမျက်ရည်ကို

သမ္ဗာန်ခတ်ပြီး

တစ်ဖက်ကမ်းကိုကူးမဲ့

လှေတစ်စင်း

ငါမဟုတ်ပါဘူး………

တစ်ကယ်ဆို

ချစ်သူဘေးမှာ

တစ်ဖ၀ါးမှ မခွာဘဲ

ပျော်ရွှင်မှုတွေကို

ပေးဆပ်နေချင်ရုံသတ်သတ်

ရူးမူးစွာ စွဲလမ်းနေသူ

ငါပါကွာ……..

In: ကဗျာ Posted By: Date: Apr 5, 2011
Comment #1

So sweet.
😉

commentinfo By: ei lay at Jan 23, 2013
Comment #2

So much touching

commentinfo By: ei lay at Apr 21, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment