Professional Authors

နင့်ကို ငါ လွမ်းတယ်…….. (မိုးထက်အောင်)

နင့်ကို ငါ လွမ်းတယ်……..

 

လွဲချော်မှုဆိုတာ

ကြည့်နေကျ ကိုရီးယားကားတွေလိုပါပဲ

(ကျွန်တော့်ဘ၀ထဲ…….)

အပိုင်းတွေခွဲပြီး ၀င်လာခဲ့တယ်

တစ်..နှစ်..သုံး..လေး….စသည်ဖြင့်ပေါ့

(အချစ်ဦးမဟုတ်ခဲ့ရပေမယ့်)

သူ့ အိမ်မက်ဦးမှာ အလံဖြူလွှင့်ထူချင်သေးတယ်

(ဒါပေမယ့်……)

မဖြစ်နိုင်တော့တဲ့ ကျွန်တော့်ဆန္ဒ

နောက်ဘ၀မှာတောင် သိပ်မသေချာချင်တော့ဘူး

ဒုတိယလူဆိုပေမယ့် ပထမဆုတော့လိုချင်ခဲ့တယ်

(ကျွန်တော့်အတွက်တော့……)

နောက်ဆုံးက စရေတဲ့ ပထမနဲ့ ပဲအသားကျနေခဲ့ရတယ်

(အချစ်တဲ့…….)

ကုလားမဗန်းထဲက ရောင်းတန်းမ၀င်တဲ့ တိုရှည်တစ်ချပ်လိုပါပဲ

အဆစ်ထည့်ထည့်ပေးနေရတာနဲ့ တင်

(ကျွန်တော့်နှလုံးသားလည်း…..)

ပဲ့ ပဲ့ ကြွေပေးခဲ့ရတာတော်တော်နာတယ်

အချိန်ရဲ့တိုက်စားမှုမှာရင်ခုန်သံတွေ ရိုးအီသွားတယ်ဆိုတာ အလကားပြောတာ

(ကျွန်တော့်အတွက်တော့…….)

သူ့ ဘယ်ဖက်ပါးလေး လှမ်းကိုင်မိတဲ့ခဏကိုပဲ

ဒီနေ့  ဒီအချိန် ဒီနေရာ ဒီကဗျာအထိ

အမှတ်တရ ရှိနေမိတာ လုံးဝမညာဘူး

ကျွန်တော်စကားနည်းတာသူသိတယ်

(အဲဒီ့တော့…….ရှင်းရှင်းပဲပြောမယ်)

နတ်သမီးရယ်……..

နင့်ကို……….

        ငါ…………….

            လွမ်း………………

                    တယ်………………..

………………………………………………………။                              ။

 

                                                                မိုးထက်အောင်

 

In: ကဗျာ Posted By: Date: Apr 5, 2011
Comment #1

နင့်ကို ငါ လွမ်းတယ်……..

စာသားတွေမဖတ်ခဲ့ဖြစ်ရင်တောင် ဒီစာကြောင်းတစ်ခုနဲ့တင်ပြည့်စုံပါတယ်

အရမ်းကိုကောင်းတာပဲ

commentinfo By: အနီရောင်နှင်း at Apr 5, 2011
Comment #2

ကျေးဇူးတင်တယ်

commentinfo By: moehtetaung18 at Apr 5, 2011
Comment #3

……………………………
အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at May 29, 2011
Comment #4

သူ့ ဘယ်ဖက်ပါးလေး လှမ်းကိုင်မိတဲ့ခဏကိုပဲ

ဒီနေ့  ဒီအချိန် ဒီနေရာ ဒီကဗျာအထိ

အမှတ်တရ ရှိနေမိတာ လုံးဝမညာဘူး

ကောင်းတယ်ဗျာ..ပွင့်ပွင့်လင်းလင်းပေါ့။

ကဗျာလေးလဲ ကောင်းတာပဲ။

commentinfo By: မယ်မနော at May 30, 2011
Comment #5

ကိုမိုးထက်အောင်..
တော်2ကောင်းပါတယ်။အားပေးသွားတယ်။

commentinfo By: poem.poem28 at Jul 12, 2011
Comment #6

နင့်ကို……….

ငါ…………….

လွမ်း………………

တယ်………………..

………………………………………………………။

commentinfo By: အသဲကွဲမိုး at Oct 5, 2011
Comment #7

I love this poems and I read it again and again
….. I
……. Like
……… this
……….. poem very much.

commentinfo By: gadounlay at Feb 13, 2012
Comment #8

so nice

commentinfo By: ei lay at Feb 13, 2012
Comment #9

i miss u

commentinfo By: ei lay at May 20, 2012
Comment #10

အချိန်ရဲ့တိုက်စားမှုမှာရင်ခုန်သံတွေ ရိုးအီသွားတယ်ဆိုတာ အလကားပြောတာ

(ကျွန်တော့်အတွက်တော့…….)

သူ့ ဘယ်ဖက်ပါးလေး လှမ်းကိုင်မိတဲ့ခဏကိုပဲ

ဒီနေ့  ဒီအချိန် ဒီနေရာ ဒီကဗျာအထိ

အမှတ်တရ ရှိနေမိတာ လုံးဝမညာဘူး…..

လွမ်းရင်းရူးနေသေးတယ်ကဗျာရယ်…………….. :'(

commentinfo By: moezat at May 20, 2012
Comment #11

ဒီနေ့  ဒီအချိန် ဒီနေရာ ဒီကဗျာအထိ
အမှတ်တရ ရှိနေမိတာ လုံးဝမညာဘူး
နင့်ကို……….

ငါ…………….

လွမ်း………………

တယ်………………..

commentinfo By: ဖူးမေ at May 21, 2012
Comment #12

Good Poem!!!

commentinfo By: zawthetoo at May 21, 2012
Comment #13

အရမ်းကောင်းတယ်။တဖြေးဖြေးအရှိန်မြှင့်သွားတာ။အဆုံးသတ်မှာအသက်ရှုတောင်ကြပ်သွားသလိုပဲ။

commentinfo By: zuzu at May 22, 2012
Comment #14

really miss.

commentinfo By: ei lay at May 22, 2012
Comment #15

so much so much touching.

commentinfo By: ei lay at Feb 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment