Professional Authors

ချစ်သူ သိပါစေ………။

နင်ဖြည့်ဆည်းပေးခဲ့တဲ့ ချစ်ခြင်းတွေ
 အနှိုင်းမဲ့ထည့်သွင်းရင်း……
နင့်ကိုပဲ အသက်လို ငါ ကိုးကွယ်
အရာရာထက်လည်း ငါနင့်ကို ပိုလေးနက်ပါတယ်……။

နင်သိထားတဲ့ ချစ်တတ်ခြင်းတွေထက်
တစ်နေ့ထက်တစ်နေ့ ငါပိုချစ်ရင်း….
ဘာကိုမှ ငါ အပြစ်မဖွဲ့
နင် နောက်တစ်ကြိမ်မရက်စက်ဖို့အတွက်
ငါ့ သွေးသားတွေက တောင်းတ
နင့်ကိုပဲ အချိန်တိုင်း သတိတရရှိခဲ့တယ်……။

နင်ပိုင်တဲ့ ငါ့အလွမ်းတွေနဲ့
ငါ့တစ်နေ့တာကို ဖြတ်သန်း
အမှတ်တရတွေနဲ့ ငါ ကြေကွဲရလည်း
ငါ့အချစ်ဆုံးနင်နဲ့ သက်ဆိုင်ခဲ့လို့
ဘယ်လိုအရာပဲဖြစ်ဖြစ် ငါ အကျင့်ဖြစ်အောင်နေခဲ့တယ်…..။

တခါတလ ငါ နာနာကျင်ကျင် မှတ်မိနေတဲ့
သံသယဖြစ်စရာ နင့်လုပ်ရပ်တွေ
အတွေးတွေထဲဝင်ရောက်
ငါ့ပျော်ရွှင်ခြင်းတွေ ထိုးဖောက်လည်း
ဒီဝေဒနာတွေနဲ့ ငါတရင်းတနှီး
နင်မသိတဲ့ရက်စွဲတွေ
ငါ့ရဲ့ဘေးမှာ အကြိမ်ကြိမ်လည်ပတ်
ဘယ်သူ့ကိုမှ မချစ်ဖူးတဲ့ အချစ်တွေနဲ့ ငါ နင့်ကို အမြဲတမ်း ချစ်နေပါတယ်…..။

In: ကဗျာ Posted By: Date: Apr 5, 2011
Comment #1

ဘယ်သူ့ကိုမှ မချစ်ဖူးတဲ့ အချစ်တွေနဲ့ ငါ နင့်ကို အမြဲတမ်း ချစ်နေပါတယ်…..။
မကေ… ကောင်းတယ်.အားပေးနေတယ်.

commentinfo By: genius.jinx28 at Apr 6, 2011
Comment #2

အားပေးသွားပါတယ်ကေရေ.

commentinfo By: kyi kyi at Apr 27, 2011
Comment #3

နင် နောက်တစ်ကြိမ်မရက်စက်ဖို့အတွက်
ငါ့ သွေးသားတွေက တောင်းတ
နင့်ကိုပဲ အချိန်တိုင်း သတိတရရှိခဲ့တယ်……။

commentinfo By: minmyat at May 16, 2011
Comment #4

အရမ်းကြိုက်လို့ ကူးသွားတယ်နော်..ညီမလေး။

commentinfo By: Ma Khaing at Sep 6, 2012
Comment #5

Wow…
Super like
extremely nice
Strong words can kill human.
😛

commentinfo By: ei lay at Sep 6, 2012
Comment #6

တခါတလ ငါ နာနာကျင်ကျင် မှတ်မိနေတဲ့
သံသယဖြစ်စရာ နင့်လုပ်ရပ်တွေ
အတွေးတွေထဲဝင်ရောက်
ငါ့ပျော်ရွှင်ခြင်းတွေ ထိုးဖောက်လည်း
ဒီဝေဒနာတွေနဲ့ ငါတရင်းတနှီး
နင်မသိတဲ့ရက်စွဲတွေ
ငါ့ရဲ့ဘေးမှာ အကြိမ်ကြိမ်လည်ပတ်
ဘယ်သူ့ကိုမှ မချစ်ဖူးတဲ့ အချစ်တွေနဲ့ ငါ နင့်ကို အမြဲတမ်း ချစ်နေပါတယ်…..။

commentinfo By: meso at Dec 27, 2012
Comment #7

A yin tine be,,
Bar hma ma pyaung le par bu loh,,

commentinfo By: ei lay at Dec 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment