Professional Authors

“… ဖြစ်သလိုပဲ နာမည်ပေးလိုက်ကြတာပေါ့ …”

လူလူသူသူ သီးသန့်ရင်းနှီးမှုနဲ့
ဇိကုပ်ပြီး နတ်ပြည်တင်လိုက်ကြတာ၊ ကျနော်တို့ ခေတ်က ပျက်ပါလေရော …

ကျနော်တို့ အခု ပြောလက်စစကားလုံးကြီးကြီးကျယ်ကျယ်တွေက
လက်ရှိ ဘ၀နဲ့ အပ်စပ်ကြရဲ့လား …
ကဗျာဆိုတာ ပေါက်ကွဲမှုပဲ မဟုတ်လား …
လူငယ်တွေမှာ ပေါက်ကွဲမှုတွေကို ယဉ်ယဉ်ကျေးကျေးကိုင်ထားရုံမှအပ
လက်ဆုပ်လက်ကိုင် ပြစရာဘာမှ မရှိဘူး …
ကုန်ဆုံးသွားတဲ့ သူဌေးကြီးအကြောင်း …
ကုန်ဆုံးသွားတဲ့ အလ္လာပ သလ္လာပတွေ အကြောင်း … တွေကအစ …
ပွင့်ပွင်းလင်းလင်း ရေးရဲ တင်ပြရဲ ကြရင် …

ဘာမှကို မသိတာ တစ်ခုကပဲ
တခုခုကို သိတာပဲ …
မှတ်မှတ်ရရ ပြောရရင် ဘာကိုမှ မမှတ်မိတော့တာ တခုပဲ …

ပုံတိုပတ်စလေးတွေက ပေါ်ပြူလာ …
ပုံပြင်ကြီးကြီးတွေ … တက်ကျမ်းတွေ … ကျမ်းစာတွေ …
ဘာတစ်ခုမှာမှ ဒီခေတ်လူငယ်တွေကို မတွေ့ရတော့ဘူး …
သွားမပြောနဲ့ … ဒါ ခေတ် ကွဲ့ လူလေးရဲ့ …
မင်းဟာမင်း ပါရဂူကြီးဖြစ်နေပါစေ … မြန်မာပြည်မှာနေရင် မြန်မာစကားတော့ တတ်ရမယ် ကွဲ့ …
ပတ်ဝန်းကျင်နဲ့ ကြီးပြင်းမှာက လူ …
အဲ့ဒီမှာမှ လူက ပတ်ဝန်းကျင်က လူထဲ ကြီးပြင်းလာလိမ့်မယ် …

ခံစားမှု မြစ်တစ်စင်းမှာ ငါတို့တွေ တွဲလောင်းခို …
ငါတို့ဟာ ပင်လယ်ထဲ ဖောင်စီးကြသူတွေပဲ …
ဖောင်စီးရင်း ရေငတ်ကြတယ် …

နာကျင်မှုဆိုတာ လတ်တလော မက်တဲ့ အိပ်မက်ဆိုးပဲ …
တချို့တွေက အိပ်မက်ဆိုး မက်တဲ့ လူတွေကို ရေ နဲ့ ပက်နှိုးကြတယ် …
တချို့အိပ်မက်ဆိုးမက်တဲ့လူတွေက သူတို့ကိုယ်သူတို့ မရမက နိုးထကြတယ် …
တချို့တွေက အိပ်မက်ဆိုးကို သရော်ပြုပြီး ဟက်ဟက်ပက်ပက် ရယ်မောကြတယ် …/ငိုယိုကြတယ် …
တချို့တွေက အိပ်မက်ဆိုးထဲမှာ ဒူးတုပ်ထိုင် ငိုယိုမျက်ရည်ကျကြတယ် …
တချို့တွေက အိပ်မက်ဆိုးထဲမှာ ပျားဖွပ်ကြတယ် …/ပျော်နေကြတယ် …
အခုလောလောဆယ်တော့ အိပ်မက်ဆိုးက မနိုးခင်
ကျနော်တို့တွေ ကဗျာရေးနေကြတုန်းပဲ …

လျံနိုး
တနင်္လာ ၄၊ ၄၊ ၂၀၁၁ နေ့လည် ၂း၃၅

In: ကဗျာ Posted By: Date: Apr 4, 2011
Comment #1

ပုံတိုပတ်စလေးတွေက ပေါ်ပြူလာ …
ပုံပြင်ကြီးကြီးတွေ … တက်ကျမ်းတွေ … ကျမ်းစာတွေ …
ဘာတစ်ခုမှာမှ ဒီခေတ်လူငယ်တွေကို မတွေ့ရတော့ဘူး …
သွားမပြောနဲ့ … ဒါ ခေတ် ကွဲ့ လူလေးရဲ့ …
မင်းဟာမင်း ပါရဂူကြီးဖြစ်နေပါစေ … မြန်မာပြည်မှာနေရင် မြန်မာစကားတော့ တတ်ရမယ် ကွဲ့ …
ပတ်ဝန်းကျင်နဲ့ ကြီးပြင်းမှာက လူ …
အဲ့ဒီမှာမှ လူက ပတ်ဝန်းကျင်က လူထဲ ကြီးပြင်းလာလိမ့်မယ် …
………………………..
အခုလောလောဆယ်တော့ အိပ်မက်ဆိုးက မနိုးခင်
ကျနော်တို့တွေ ကဗျာရေးနေကြတုန်းပဲ …

ကျွန်တော်နှစ်သက်စွာခံစားအားပေးသွားပါတယ်….

commentinfo By: အသဲကွဲမိုး at Apr 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment