Professional Authors

ဘ၀ရဲ့ ရလဒ်

အမှောင်ထဲက

ဝိုးတ၀ါး အသွင်သဏ္ဍန်တစ်ခုကို

ထင်မြင်ချက်နဲ့ ရုပ်လုံးဖေါ်

အိပ်မက်နဲ့ အလှဆင်

လှတယ်ထင်ရင် တော်ပြီ

ပြီး …

သူ့ကို ကြိုးနဲ့တုပ်

မခိုင်မှာ မပူနဲ့

ဖြစ်နိုင်ချေရှိတာက

သူကလဲ ကိုယ့်ကို တုပ်မှာပဲ

နောက်ဆုံးအဆင့် ..

ကိုယ့်ဘက်ပါအောင်

လုံ့လပြု

ကာလတစ်ခုမှာ

စက်ဝိုင်းထဲ ပတ်ပြေးမဲ့ ခြေအစုံနဲ့

မျက်ရည်တွေ ရလိမ့်မယ် …

In: ကဗျာ Posted By: Date: Apr 3, 2011
Comment #1

မျှော်လင့်ထားတာတွေ
အားလုံးပါတယ်ဗျာ ။ ( Like )

Comment #2

အားပေးလျက်ပါနော် ။

commentinfo By: chityellusoelay at Aug 18, 2011
Comment #3

Yes
Right.
Get pain so much

commentinfo By: ei lay at Apr 22, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment