Professional Authors

ဆုတောင်းလေးများပြည့်စေချင် (ရင်တွင်းမှမြစ်ဖျားခံသော…)

အကြင်နာ လက်မကမ်းနိုင်ရင်တောင်
မကြင်နာ သူစိမ်းဆန်အကြည့်တွေနဲ.
နင်လှည့်မကြည့်လိုက်ပါနဲ. …

တမင်တကာ ဖုံးကွယ်ထားတဲ့
အသက်မပါ အပြုံးတုတွေရဲ.နောက်မှာ
တစ်နာရီ မိုင် 1500 နှုန်းတိုက်တဲ့
Cyclone တွေရဲ.အကြောင်း
နင့်ကိုမမြင်စေချင်လို.ပါ….

အကြင်နာ စကားမပြောထွက်ရင်တောင်
မကြင်နာ စကားလုံးဓားသွားတွေနဲ.
နင်ငါ့ရင်ကိုမမွှန်းလိုက်ပါနဲ. …

မရေမရာေ၀၀ါးနေတဲ့
ငါ့ရဲ.အချစ်ဆိုတဲ့ ဒေသအသစ်မှာ
ဖောက်လွဲဖောက်ပြန်တွေဖြစ်ဖြစ်နေတတ်တဲ့
Culture Shock တွေရဲ.အကြောင်း
နင့်ကိုမသိစေချင်လို.ပါ…

မသိစေချင်ပေမဲ့..သိပ်ချစ်နေတာတခုတော့ သိစေချင်ပါတယ်
မမြင်စေချင်ပေမဲ့..ရင်ခွင်မှာအမြစ်တွယ်နေတဲ့ အကြင်နာတွေတော့
သူ…မြင်စေ ခံစားမိပါစေ……………………….

In: ကဗျာ Posted By: Date: Mar 31, 2011
Comment #1

ကောင်းတယ် ဗျာ ကဗျာလေးက
အားပေးတယ်။

commentinfo By: gadounlay at Mar 31, 2011
Comment #2

မသိစေချင်ပေမဲ့..သိပ်ချစ်နေတာတခုတော့ သိစေချင်ပါတယ်
မမြင်စေချင်ပေမဲ့..ရင်ခွင်မှာအမြစ်တွယ်နေတဲ့ အကြင်နာတွေတော့
သူ…မြင်စေ ခံစားမိပါစေ……………………
ှSo Nice…..!

commentinfo By: ကေသရီ at Mar 31, 2011
Comment #3

ကြိုက်ပါတယ်သူငယ်ချင်းဖြစ်နှိုင်ရင်ကောင်းကောမသိစေချင်ပေမဲ့..သိပ်ချစ်နေတာတခုတော့ သိစေချင်ပါတယ်
မမြင်စေချင်ပေမဲ့..ရင်ခွင်မှာအမြစ်တွယ်နေတဲ့ အကြင်နာတွေတော့
သူ…မြင်စေ ခံစားမိပါစေ……………………င်းလေးနောက်ထက်ရေးပေးနော်

commentinfo By: lawmar at Oct 30, 2011
Comment #4

ကဗျာလေးကို ကြိုက်တယ် ကောင်းပါတယ် အမြဲ အားပေးနေမယ်

commentinfo By: yelay at Nov 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment