Professional Authors

ဒွန်းစဏ္ဍား

ကောက်ကွေ့ တဲ့လေတဝှေ့ မှာ
မျှော်လင့်ခြင်းတွေရိုက်ဆွဲ
(လဲနေတဲ့ကြားက…)
ယုံကြည်မှုကိုဘောင်သွင်း
လွပ်လပ်စွာ “လင်း” ခွင့်ရှိရဲ့လား…..သခင်

အရိပ်သုံးပါးပုစ္ဆာကို
နားလည်မှုပေတံနဲ့ ချိန်တိုင်း
ရိုင်းချင်တဲ့နာမ်အတွက်
ကိုယ့်ဇက်ကိုယ်ထိန်း
အိပ်မက်အကြွေတွေကောက်သိမ်းလို့ 
တိတ်တဆိတ်သေဆုံးခဲ့ရဖူးတယ်… ဆရာမရေ…

“ဥပေက္ခာ”လေပြေသရမ်းတော့
(ခလွမ်း……….)
ကြမ်းပြင်ပေါ်မှ အတ္တကြီးကျကွဲ
ကလေးရယ်
နောက်ဆို…
စတီးခွက်နဲ့ ပဲတောင်းတော့မယ်…

In: ကဗျာ Posted By: Date: Mar 30, 2011
Comment #1

🙂 🙂 🙂

commentinfo By: ei lay at May 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment