Professional Authors

ကမ္ဘာပျက်ရခြင်းအကြောင်းတစ်ခု(မင်းလူန)

ဝိ၀ါဒကွဲပြာတဲ့ 
ကဗျာဆရာတစ်ယောက်
နှစ်ယောက်သုံးယောက်
ဘယ်နှစ်ယောက်ဖြစ်ဖြစ်
ဖြစ်ခွင့် ရှိတဲ့ ကဗျာရပ်ဝန်းထဲ
ကိုယ့် ဘာသာလက်ချုပ်ချုပ်တက်ဖို့ တော့ လိုမယ်ထင်တာပဲ
ဆိုရေးရှိကဆိုရ၏
ဝေဒနာရေစီးကမ်းပြိုမှု့ မှာ
ဒိုင်ယာလော့ ခ်တွေအရိုးပေါ်အရေတင်အောင်
အက်ကြောင်းလိုက်လာခြင်းထဲ
ကဗျာဆရာဘယ်နေရာကတာဝန်ခံရဲသလဲ…………
အတိုက်အခိုက်နည်းအောင်
ယတြာချေပါ
ဥပါတ်ကင်းအောင်အစာပျော့ ပျော့ စားပါ
လေစိမ်းတိုက်မခံနိုင်သမျှတော့ 
လူတွေရဲ့ မျက်လုံးကိုမကြည့် နဲ့ 
ချိုရှိရင်ချိုနဲ့ ခွေ့ တက်အောင်တော့ 
ကိုယ်ခံပညာလိုက်စားသင့် သားပဲလေ…………
စကားလုံးအဆိပ့် သင့် ခြင်းမှာ
ဂျပန်ကဆူနာမီကြောင့် လို့ ပြောလို့ ရတယ်ဗျ……….
ဂေဟစနစ်တွေကိုဂရုစိုက်ပေးပါ
ကမ္ဘာပျက်ရင်ခင်ဗျားကြောင့် လို့ ကိုယ့် ကိုကိုယ်ဝန်ခံရဲအောင်
ဒီရုပ်ဝါဒပြောင်းလဲမှု့ တွေကို
ထိန်းထိန်းသိမ်သိမ်းလေးတည့် တည့် ပေးပါ………..
လေထုညစ်ညမ်းမှု့ မဖြစ်ရအောငိ
မနက်ဖြန်ထက်ဒီနေ့ ကပိုပြီးရိုးသားနေသင့် တယ်……….

                           မင်းလူန

In: ကဗျာ Posted By: Date: Mar 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment