Professional Authors

ဝမ်းနည်းမိတယ် မိန်းခလေးရယ်(လမင်းပ်ုင်)

ကြင်သူတယောက် ရောက်မလာသောကြောင့်
သောကမည်သည့် မုန်တိုင်းတခုသည်
နံနက် ၉း၃၀ တနင်္ဂနွေ(27.3.2011)တွင်
ရင်တွင်းသို့ဝင်ရောက်မွှေနှောက်သွားပါသည်။
ဒေါသလှိုင်းတွေလည်း အလိမ့်လိမ့်တတ်ခဲ့သည်ဟုသတင်းရရှိပါသည်
သို့ပေမဲ့ မိန်းခလေး
စိုးစဉ်းမျှ ငါအပြစ်မတင်
ထိုသူသည်ဖြူစင်၏
ငါအကြွင်းမဲ့ယုံကြည်သည်
သို့ပေမဲ့ မိန်းခလေး
အကောင်းမြင်တာ ငါ့အကျင့်မဟုတ်
အဆိုးကိုလည်းငါမမြင်နိုင်
ထိုသူသည်ရိုးစင်း၏
ငါအကြွင်းမဲ့ယုံကြည်သည်
သို့ပေမဲ့လည်း မိန်းခလေးရယ်
ငါလည်းဝမ်းနည်းတတ်တာပဲ
ဒီနေ့မင်းဘာလို့ရောက်မလာရတာလဲကွာ……..။

In: ကဗျာ Posted By: Date: Mar 27, 2011
Comment #1

ဟယ်တော့……………

commentinfo By: May Kha at Sep 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment