Professional Authors

နင့်အတွက် ငါ…..ရှင်သန်နေမိခဲ့သူ……။

ပိုင်ဆိုင်ပြီးသား အချစ်တွေ
အိုဟောင်းမသွားဖို့ ဆက်ထိန်းရင်း
နားလည်မှုတွေ မလစ်ဟင်းစေဘဲ
အမြဲမပြတ် တွယ်တာနေမိသူ……။
 
ဒဏ်ရာတွေနဲ့ ကြုံတွေ့ဖူးလည်း
ရင်မနာရက်ဘဲ ဆက်လက်တွဲ
နင်သာ ငါ့ရဲ့ အရာရာမို့
ကြင်နာခြင်းတွေ အစဉ်ပေးဆပ်နေမိခဲ့သူ…..။
 
ရင်ခုန်ခြင်းတွေ မအေးစက်
နင်ပြောင်းလဲမသွားစေဖို့
အကြိမ်ကြိမ်ဆုတောင်းရင်း
နင့်အနားရောက်ဖို့ ကြိုးစားနေမိတဲ့သူ…..။
 
အမုန်းမသိ အချစ်အတိနဲ့ပြီးစေ
ကတိတွေ အတွေးနယ်ထဲသွင်းရင်း
နင်ရှိနေမယ့်အရပ်ကို တိုင်တည်
ဆုံစည်းမယ့်မနက်ဆိုတာကိုလည်း……
စိတ်ကူးတွေနဲ့ အခါခါ ကျင်လည်နေမိသူ……။
 
အလွမ်းတွေဆိုးရွားတိုင်း
နင့်သစ္စာတွေ ခိုင်မြဲနေစေဖို့
ငါ့မနက်ကအစ ညဘက်တွေအဆုံး……
ကံကြမ္မာကို တောင်းဆိုရင်း
နင့်အတွက် ငါ…..ရှင်သန်နေမိခဲ့သူ……။
In: ကဗျာ Posted By: Date: Mar 26, 2011
Comment #1

မကေ အားပေးသွားပါတယ်
အလွမ်းတွေဆိုးရွားတိုင်း
နင့်သစ္စာတွေ ခိုင်မြဲနေစေဖို့
ငါ့မနက်ကအစ ညဘက်တွေအဆုံး……
ကံကြမ္မာကို တောင်းဆိုရင်း
နင့်အတွက် ငါ…..ရှင်သန်နေမိခဲ့သူ……။

commentinfo By: genius.jinx28 at Mar 26, 2011
Comment #2

ဒဏ်ရာတွေနဲ့ ကြုံတွေ့ဖူးလည်း
ရင်မနာရက်ဘဲ ဆက်လက်တွဲ
နင်သာ ငါ့ရဲ့ အရာရာမို့
ကြင်နာခြင်းတွေ အစဉ်ပေးဆပ်နေမိခဲ့သူ…..။

commentinfo By: aung kaungthant at Mar 27, 2011
Comment #3

အလွမ်းတွေဆိုးရွားတိုင်း
နင့်သစ္စာတွေ ခိုင်မြဲနေစေဖို့
ငါ့မနက်ကအစ ညဘက်တွေအဆုံး……
ကံကြမ္မာကို တောင်းဆိုရင်း
နင့်အတွက် ငါ…..ရှင်သန်နေမိခဲ့သူ……။

commentinfo By: fphyoe at Apr 3, 2011
Comment #4

စာသားလေးတွေအ၇မ်းမိုက်တယ် ချစ်သူကိုပြောချင်တဲ့ စကားတွေနဲ ကွက်တိဘဲ အားပေးသွားတယ်နော် …..

commentinfo By: ayeiklay at May 3, 2011
Comment #5

Oh..oh
Same
Same
Same
Billions Thz.

commentinfo By: ei lay at Nov 22, 2012
Comment #6

it’s me

commentinfo By: ei lay at Mar 5, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment