Professional Authors

လောကဓံ

ရွှေမှန်ကင်းများ၊
အခြေကြွားသော်၊
ထင်းသားအနေခက်လိမ့်မည်။

တစ်နေ့ကြုံပြန်၊
လောကဓံကြောင့်၊
ရွှေမှန်ကင်းတို့၊
အနေချို့၍၊
မြေသို့သက်ဆင်း၊
အခြေယွင်းသည်၊
မှန်ကင်းလည်းထင်း-ထင်းလည်းထင်း။ ။

လွန်ခဲ့တဲ့ ၂၄-နှစ်က ကျနော်ရေးခဲ့တဲ့ ကဗျာအဟောင်းလေးပါ … ကဗျာရွာမှာ အရင်ဆုံးစတင်ခဲ့တဲ့ ကဗျာတွေထဲမှာ ဒီတပုဒ်လေး အမှတ်တရ မို့ တင်လိုက်ပါတယ်။
မိုက်ပင်ပျိုးလို့ မိုက်ဆိုးမှန်နေဆဲသူများအတွက် လောကဓံဆိုတာ ဒီလောကကြီးမှာ ရှိနေသေးပါကြောင်း ….

ဟယ်ရီ

In: ကဗျာ Posted By: Date: Jun 21, 2009  
Comment #1

လွန်ခဲ့တဲ့ ၂၄ နှစ်ကဆိုတော့ … ကိုဟယ်ရီ့ အသက် ၄၀ ကျော်ကျော်လောက်ကပေါ့ … မိုက်ပါ့ဗျာ … ဒီကဗျာ အလွန်ကြိုက်ပါတယ်

commentinfo By: nightbird at Jun 21, 2009
Comment #2

ကို ဟယ်ရီ နား လည် ဝူး။ IQ မှီဘူး…

commentinfo By: Khine Swe Zin Thin at Jun 21, 2009
Comment #3

ငှက်မ … နာချင်ပြီ ထင်တယ်

commentinfo By: harry at Jun 22, 2009
Comment #4

ဟင် … ရိုးရိုးရှင်းရှင်းလေး ရေးထားတဲ့ဟာကို နားမလည်ဘူးတဲ့ … 🙁

commentinfo By: harry at Jun 22, 2009

Leave Comments

Name*

Email*
Website
Email me whenever there is new comment