Professional Authors

ရတနာ (၁၁) – မောင်စိန်ဝင်း (ပုတီးကုန်း)

တွေ့ဆုံခြင်း အိမ်ကလေးထဲမှာ
ကဗျာငှက်ကလေးရှိပါတယ်။
တွေ့ဆုံခြင်း အိမ်ကလေးထဲမှာ
မေတ္တာ ရေအိုးကလေးရှိပါတယ်။
တွေ့ဆုံခြင်း အိမ်ကလေးထဲမှာ
အကြင်နာ ဆည်းလည်းကလေး ရှိပါတယ်။

သည်အိမ်ကလေးကို ဆေးအစိမ်းသုတ်၊ ရုတ်တရက်လေ
မေစွန့်ခွာထွက်
ကဗျာငှက်သေ
ရေအိုးကလေးခန်း
ပန်းအိုးကလေးကွဲ
ဆည်းလည်းကလေးပျောက်
အလွမ်းဆိုတဲ့ မှန်ကလေး ရောက်လာတယ်။ ။

မောင်စိန်ဝင်း (ပုတီးကုန်း)

Leave Comments

Name*

Email*
Website
Email me whenever there is new comment