Professional Authors

ရတနာ (၉) – မောင်စိန်ဝင်း (ပုတီးကုန်း)

တစ်ခုခုကြောင့်
သူ့ကို မလှည့်စားခဲ့ပါဘုရား … ။

စ တွေ့သည်မှ၊ ပစ္စက္ခထိ
ကြည့်ရာမြင်ရာ၊ အိမ်မက်မှာလဲ (လည်း)

သူပါပဲကွယ်၊ ဘယ်မှာရှိရှိ
သတိရတယ်၊ တမ်းတတတ်ပြန်
အဖန်ဖန် အထပ်ထပ်
တစ်ရံမလပ်အောင်
အမှတ်တရလဲ(လည်း) ရှိနေဆဲပါဘုရား …

သူနှင့်ပတ်သက်လျှင်
သံယောဇဉ်တရား၊ ပါးလျားမပြယ်
ဘယ်တော့ဖြစ်ဖြစ်
ချစ်ရလွမ်းရ၊ တသသနှင့်
နောင်တ ဟူသည် မရှိခဲ့ပါဘုရား…………

မေတ္တာ၏အင်အား၊ သစ္စာ၏အင်အား
ဤစကားများကြောင့်
ဘုရားတပည့်တော်အား
နားအလည်ဆုံးလူ၊ သူ … သူ … သူသည်
အပူသောက၊ မြူမျှမတွေ့
အားလုံးကို မေ့နိုင်၍
ချမ်းမြေ့ကြည်နူးပါစေဘုရား။ ။

မောင်စိန်ဝင်း (ပုတီးကုန်း)

Leave Comments

Name*

Email*
Website
Email me whenever there is new comment