Professional Authors

ရတနာ (၆) – မောင်စိန်ဝင်း (ပုတီးကုန်း)

ခေါင်းအုံးပေါ်မှာ၊ မပျော်တစ်ဝက်
ပျော်တစ်ဝက်နိုး၊ မိုးစင်စင်လင်း
နှင်းထန်ဆဲမေ …

နွေအကြိုဆောင်း၊ နှင်းလောင်းမှုန်ရီ
ဘယ်ဆီကြည့်ကြည့်၊ ကြည့်တိုင်းကြည့်တိုင်း၊
မှိုင်းဝေသိပ်သည်း၊ အနီးကလေး၊
ဝေးကြီးဝေးထင်၊
မမြင်သာဘူး အချစ်ရယ် …

ဝေဒနာငှက်၊ တေးသီမြွက်နေ၊
အိပ်မက်ရှည်လည်း၊ ရွက်ကြွေလိုလွင့်၊
မျှော်လင့်မှုပန်း၊ နွမ်းရမှာလား၊
တမ်းတခြင်းများစွာ၊ သယ်ဆောင်လာမည့်၊
တစ်ရာသီပြောင်း၊ ရာသီဆောင်းနောက်၊
ထောက်ညှာမငဲ့
ဪသာ် … ရောက်လာမယ့်အလွမ်းနွေ
ဆယ်နေမက ပူမယ်လေ … ။

မောင်စိန်ဝင်း (ပုတီးကုန်း)

Leave Comments

Name*

Email*
Website
Email me whenever there is new comment