Professional Authors

အိပ်မက်မျှသာ

ဒါ…ရူးနှမ်းလွန်းသလား
အခိုက်အတန့်တခုစာ စွဲလမ်းမှုလေးပါလို့
ငါ…ညာလိုက်မယ်
(မရိုးသားခြင်းတွေနေသာထိုင်သာရှိရန်)

ပိတ်ထားတဲ့တခါးတစ်ချပ်ပါ
ငါကိုယ်တိုင်ပဲ လွဲဖွင်ခဲ့သလား
မင်းကိုယ်တိုင်ပဲဆွဲဖွင့်ခဲ့သလား
မသေချာခဲ့တာအသေအချာ…

ယောက်ယတ်ခက်မျှော်လင့်ခြင်းများ
စိတ်ကိုစိတ်နဲ့စစ်ခင်းခြင်းမှာ
ငါ့ကိုရှုံးခွင့်ပေးပါ….

တဆိတ်လောက်…
ပျော်ရွှင်စွာနဲ့ဇာတ်ပေါင်းခန်းအပြီးမှာ
ငါ့ကိုနှိုးပေးပါ

ဒါ….
အိပ်မက်မျှသာ………။။။

အမရာ

In: ကဗျာ Posted By: Date: Mar 24, 2011
Comment #1

ကောင်းလှချည်လား
ကြိုက်တယ်

commentinfo By: ညီသက်ပိုင် at Sep 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment