Professional Authors

အနမ်းများနှင့် ကဆုန်ပေါက်ခြင်း

တံလျှပ်ရောင်တွေ
တလက်လက်ထတဲ့
ဒီလမ်း
အသည်းကို အရေဆုတ်လို့
ကြမ်းခင်းပေးခဲ့တယ်၊၊
(ချစ်စိတ်တစ်ခုတည်းနဲ့)

လေအဝေ့မှာ
ခါးသက်သက် အချစ်တွေ
သတိတရ
အချက်ပြပေမယ့်
မသိကျိုးကျွံ
သကာရည် လူးခဲ့မိတယ်၊၊

ရင်ခုန်ခြင်းရဲ့ မြက်ခင်းစိမ်းမှာ
အနမ်းတွေ ကဆုန်ပေါက်
အလွမ်းတွေ ကိုယ်ယောင်ဖျောက်
ဒီတော့
အတိတ်ရဲ့ အလွမ်းတွေ
အမှတ်မရတာ
ငါ့အလွန်လား?????

In: ကဗျာ Posted By: Date: Mar 24, 2011
Comment #1

ကြိုက်သွားပြန်ပြီ….။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011
Comment #2

ကောင်းတယ်ကွာ … ။

commentinfo By: chityellusoelay at Aug 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment