Professional Authors

ငါတို့ခြံလေးထဲက အလွမ်း

ငါတို့ပိုင်တဲ့ခြံဝန်းလေးထဲမှာ
အဖေစိုက်တဲ့အပင်တွေ
အလွမ်းတွေနဲ့အတူ ရှင်သန်နေတယ်။

ဒီအချိန်ငါသားတစ်ယောက်
သူ့အလုပ်သမားတွေ
 စီမံနေရောပေါ့ဆိုတဲ့ စကားကို
တွင်တွင်သုံးလို့
ငါကတော့ရုန်းနေရပါသေးလားတဲ့။

အဖေ့အမောတွေပြေစေတဲ့
အမေ့အပြုံးနဲ့ နင့်စကားလုံးတွေ
ငါကတော့အိမ်ရဲ့ ဖြုန်းတီးရေးလေးဆိုပါတော့။

ဒီအချိန်ငါတို့ခြံလေးထဲမှာ
အဖေစိုက်တဲ့အပင်တွေ
မိုးရေတွေကြောင့်
စိမ်းစိမ်းစိုစိုဖြစ်နေပေမယ့်
နင်ပေးတဲ့အလွမ်းတွေကြောင့်
အဖေနဲ့ အမေ့ရင်ခွင်
ကန္တာရဖြစ်နေခဲ့တာ ကြုံရင်ပြောပေးပါတဲ့လေ။

မိသားစုနဲ့အမေ့ရင်ခွင်
အိမ်လေးနဲ့အဖေ့အပြုံး
နင့်အချစ်ဆုံးညီမလေးဆီ
အားရင်အလည်ပြန်ခဲ့ဦးနော်…..။

In: ကဗျာ Posted By: Date: Mar 24, 2011
Comment #1

အအေးချမ်းဆုံး မိသားစုရင်ခွင်ဆီပေါ့.. မိုက်ရယ်..

commentinfo By: လေလွင့်သူ at May 26, 2011
Comment #2

အိမ်ကိုတောင်သတိရသွားတယ်ဗျာ ….. 🙂

commentinfo By: chityellusoelay at Aug 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment