Professional Authors

ရတနာ (၁) – မောင်စိန်ဝင်း (ပုတီးကုန်း)

အမေ့ခက်သည်၊ နေ့ရက်များစွာ
ရတနာ …

မျှော်လင့်ကြည်နူး၊ စိတ်ကူးများစွာ
ရတနာ …

တပ်မက်နှောင်ရစ်၊ ချစ်ခြင်းများစွာ
ရတနာ …

ပျော်ဖူးသည့်ရက်၊ အိပ်မက်များစွာ
ရတနာ …

ဝမ်းနည်းကြေကွဲ၊ ခွဲခွာဆို့နင့်၊
နွေနှင်းပွင့်လို၊ နေမြင့်လျှင်ပြေး၊
ဟိုးဝေးဝေးမှာ၊ မှုန်မှေးပြက်ပျယ်၊
ချန်ထားရက်လျှင် …

တစ်သက်နှောင်ရစ်ဖွဲ့၊ လက်ဆောင်အဖြစ်နဲ့
အချစ်ရဲ့ရုပ်ကြွင်း၊ “လွမ်းချင်း” ကဗျာ
ရတနာလေ …
ရင်မှာထာဝရကျန်လိမ့်မည်။ ။

မောင်စိန်ဝင်း (ပုတီးကုန်း)

Leave Comments

Name*

Email*
Website
Email me whenever there is new comment