Professional Authors

အရှုံး

ချစ်သူ….
ကျရှုံးသွားပါပြီ
ရန်သူချေမှုန်း အသေအပျောက်စာရင်းအဆုံးမှာ
ငါ့နာမည်ကို ထိပ်တုန်းခတ်လိုက်ပါတော့။

ချစ်သူ….
ကြည်နူးဆဲပါ
အမြဲပြောတတ်တဲ့ မယုံဘူးဆိုတဲ့စကား
ဆိုးတတ်လွန်းတဲ့ ပုံရိပ်လေးများအား
ဖွဖွလေးတော့ သတိရပါရစေ။

ချစ်သူ….
မျှော်လင့်ပါတယ်
တို့နှစ်ယောက် ဇာတာပါ၊ မပါ၊ ကံဇာတ်ဆရာ အဟော
ရင်မောမောနဲ့ မျောနေဦးမှာပါ။

ချစ်သူ….
မတောင်းဆိုပါဘူး…
သတိရတဲ့အချိန်တိုင်းအတွက်
အလွမ်းငွေ့တွေနဲ့ အတိတ်ကိုပွေ့
ငါ့ကိုငါ မေ့အောင်နေပါ့မယ်။

In: ကဗျာ Posted By: Date: Mar 21, 2011
Comment #1

ချစ်သူ….
မတောင်းဆိုပါဘူး…
သတိရတဲ့အချိန်တိုင်းအတွက်
အလွမ်းငွေ့တွေနဲ့ အတိတ်ကိုပွေ့
ငါ့ကိုငါ မေ့အောင်နေပါ့မယ်။
abcd အားပေးနေတယ်…
ကောင်းတယ်…ဗျာ ကဗျာလေးက

commentinfo By: genius.jinx28 at Mar 21, 2011
Comment #2

ကျေးဇူးတင်ပါတယ် ခင်ဗျာ.. 🙂

commentinfo By: abcd at Mar 21, 2011
Comment #3

abcd နမည်လေး ပြောပါလား…

commentinfo By: genius.jinx28 at Mar 21, 2011
Comment #4

genius.jinx28 ရေ..
အမည်။ ။ ဟိန်းထွဋ်မင်း ပါ

commentinfo By: abcd at Mar 21, 2011
Comment #5

မေးဖို့လုပ်နေတာ ကြာပြီး abcd နဲ့ခေါ်နေ၇လို့ပါ ဟိန်းထွဋ်မင်း
ကျေးဇူးပဲ

commentinfo By: genius.jinx28 at Mar 21, 2011
Comment #6

ဘကြီး ဟုလည်းခေါ်ဆိုနိုင်ပါသည် ။။ ဘကြီးဟုခေါ်လျှင် ပိုသဘောကျတတ်ပါသည်။ 😛

commentinfo By: ရှင်မြတ်ညို at Mar 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment