Professional Authors

ရင်ဘတ်ထဲကတနင်္လာသူ

မနေ့က…

ရင်ဘတ်တစ်ခုလုံး အုံ့အုံ့မှိုင်းမှိုင်းနဲ့

20ခုနှစ်လောက်စာအလွမ်းတွေ…

              အလွမ်းတွေ…

         အလွမ်းတွေ…

ခြိမ့်ခြိမ့်သဲရွာနေခဲ့တယ်…။

1994+17=2011

အချစ်ရေးကောင်းသတဲ့လား

ဗေဒင်ဆရာရေ……………..

“တနင်္ဂနွေနေ့မွေးတဲ့ကောင်”

“တနင်္လာသူ”သူကိုချစ်မိတုန်းက

ဘ၀ကရက်ရာဇာတွေအပြည့်နဲ့

ဆုတောင်းဆိုတာကိုမေ့နေရလောက်အောင်

အပျော်တွေလွန်…လို့

သတိရခြင်းတွေရယ်

အလွမ်းတွေရယ်က ချိုမြိန်နေသေးတယ်

ဘယ်သူဘာပြောမလဲ

ကန် ရာသီဖွားသူမကို ကျွန်တော် အရမ်းချစ်တယ်

သူမကိုကျွန်တော်အရမ်းချစ်ခဲ့တယ်

ဘုရားပေးတဲ့လက်ဆောင်အဖြစ်နဲ့

ခေတ်အဆက်ဆက်ချစ်နေဦးမယ်ပေါ့…။

ထူထူထဲထဲဝေခဲ့တဲ့မြတိနိုးမှုတွေအများကြီး၊အများကြီး

အဲဒီဆောင်းရာသီလို့မခေါ်တော့တဲ့ရာသီမှာ

မျှော်လင့်ချက်တွေနဲ့အတူအငွေ့လည်းပျံသွားရော

ခြိမ့်ခြိမ့်သဲရွာတဲ့……အလွမ်းတွေ

ဘာယတြာမှလည်းမစွမ်းတော့

မနေ့က… … …

သူမ မုန်းသွားပြီ။   ။

In: ကဗျာ Posted By: Date: Mar 20, 2011
Comment #1

ကဗျာ သိပ်ကောင်းပုံရတယ်
တစ်ယောက်မှတောင်commet မပေးကြဘူး….:PPPPP

commentinfo By: maung nge at Jul 15, 2011
Comment #2

မနေ့က… … …

သူ………. မုန်းသွားပြီ။ ဒါကြောင့် ပါ 🙂

commentinfo By: sharon myorr myor at Aug 25, 2011
Comment #3

အားပေးသွားပါသည်

commentinfo By: Red Demon at Sep 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment