Professional Authors

အလွယ်တကူသိမ်းဆည်းခဲ့တဲ့ညနေ

ပြန်တွေးလိုက်တိုင်း

တဆစ်ဆစ်နာနေတဲ့

ဘယ်ဘက်နိုင်ငံတော်ထဲမှာ

နင့်နာမည်ကိုတယုတယထွင်းပြီး

ကြယ်အပေါင်းတို့ခစား…

လင်းချင်းထားစေတယ်…။

(ဟိုးအရင်ခပ်ငယ်ငယ် တုန်းကလိုပဲ)

ငါ……..ကျရှုံးနေပါ့မယ်။

စကားလုံးတွေအများကြီးဖုံးထားတဲ့

ဓားတစ်ချောင်းထဲနဲ့ အနည်ထိုင်ခဲ့တဲ့အိပ်မက်တွေမှာ

နိယာမတွေအကုန်လွဲချော်

ရင်ခွင်တစ်ခုလုံးက အတုန်းအရုံးပြိုလဲကျ

ဘယ်သူကမှပြောမပြဘဲနဲ့

လွမ်း…တတ်ခဲ့ရတယ်။

တဖြည်းဖြည်းနဲ့

ဖြန့်ကြဲထားတဲ့ အလွမ်းတွေဖြုတ်ယူသိမ်းဆည်း

တိုးတိုးလေး ညည်းနေတဲ့

သီချင်းဆုံးသွားတော့

အိမ်ပြန်ချိန်ရောက်ခဲ့ပြီထင်ရဲ့

နင်………..

နှုတ်ဆက်သွားခဲ့တယ်

In: ကဗျာ Posted By: Date: Mar 20, 2011
Comment #1

အားပေးသွားပါတယ်..
ကဗျာလေးက ကောင်းတယ်

commentinfo By: genius.jinx28 at Mar 20, 2011
Comment #2

ကျေးဇူးတင်ပါတယ်ခင်ဗျာ

commentinfo By: maung nge at Apr 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment