Professional Authors

ကျီးမိုက်// ကြီးမိုက်

       ကျီးမိုက်// ကြီးမိုက်
အချစ်မီးတွေ လောင်ကျွမ်းတော့
ငါ့နှလုံးသားငယ် ပြာပဲပေါ့
မျောကာ မျှောပါ မျောရင်းနဲ့သာ
ဟိုအတိတ်ဟောင်းရဲ့ မြစ်ကြီးထဲမှာ

ရော်ရွက်တွေရယ် ကြွေလွင့်တော့
လေမှာ ၀ဲလည် တစ်ခဏတော့
မြေမှာလူးလိမ့် လွင့်မျောရင်းသာ ဘ၀ဆုံးခဲ့

အချစ်ဟာ ဆင်သေကောင်ပုပ်ဆို
ငါ့နောက်ဆုံးချိန်ထိ
ကျန်အရာတွေ အကုန်မေ့ပြီး
လွတ်လပ်စွာနဲ့ အငန်းမရ
ငါ့ဘ၀ကို ငါကိုယ်တိုင် ၀ါးမျိုပစ်မယ့်
ကျီးမိုက်. . .ငါဟာကြီးမိုက်
အသက်ကြီးမှ မိုက်တဲ့ ကြီးမိုက်
အမေပြောတဲ့ ကြီးမိုက်……..

နေ့သစ်
17.3.11
1.30pm to 4pm

In: ကဗျာ Posted By: Date: Mar 17, 2011
Comment #1

ကျီးမိုက်// ကြီးမိုက်
ဖြစ်တက်ပါတယ်.. တခါတလေပေါ့.. 🙂

commentinfo By: ရွှေငါး at Mar 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment