Professional Authors

မဖြစ်နိုင်တဲ့ ပိုနေမြဲ ကျားနေမြဲ

နင် ခဲ ၁ လုံးကို ရေကန်ထဲပစ်ချပြီးမှ
ပိုနေမြဲ ကျားနေမြဲဆိုတာ ဖြစ်လာနိုင်မှာလား?
ရေမျက်နှာပြင်မှာ ဝဲဂယက်လည်း ထန်ခဲ့သလို
ခဲလုံးလည်း ရေအောက်ကြမ်းပြင်မှာ ကျန်နေခဲ့ပြီလေဟာ

နောင်မှ ရတဲ့ *နောင်တ* လည်း
ငါ့အတွက်တော့ နောင်မှရခဲ့ရတာမဟုတ်ခဲ့ဘူး
ငါ .. နှောင်းမှ ရခဲ့ရတာ။

နင့် အတွက်ကတော့ ထမင်းစားရေသောက်ပေါ့
ငါ့ အတွက်ကတော့ အပျက်ပျက်နဲ့ကြွေမွတဲ့ အကြောင်းတရားပေါ့ဟာ
နင်(တို့) ပျော်ပါ ……..
ဒါပေမယ့် နင် (တို့)…. ကြည်နူး(လိပ်ပြာလုံ)နိုင်ရဲ့လား?

စေတနာမှန်ခဲ့လို့
ထိုက်တန်တဲ့ တန်ပြန်မှူ နင်(တို့) ဆီ တစ်ပတ်လည်လာမယ်ဆို
နင်(တို့) လိပ်ပြာလုံစွာ ပြုံးနိုင်ကြပါစေ။

နင် မှတ်မိနိုင်အုန်းမှာလား?
ပြောခဲ့တဲ့ စကား ၁ ခွန်းအတိုင်း
ငါဆိုတာက .. ချစ်ပေမယ့် ….. ဒူး မထောက်တတ်ဘူး
ဒီအတွက် နင်လည်း
မုသားနှောတဲ့ ရှင်းပြချက်တွေ လုပ်မနေစမ်းပါနဲ့ဟာ။

နင် နဲ့ ငါ ဇာတ်လမ်း(နင်ပြောခဲ့တဲ့) ဒီမှာတင် ရပ်
ငါ လည်း မက်ခဲ့တဲ့ အိမ်မက် ခေါက်သိမ်းပြီး
မျက်နှာသစ်လိုက်တော့မယ်။

(၁၇-၃-၂ဝ၁၁)

In: ကဗျာ Posted By: Date: Mar 17, 2011
Comment #1

har….

so strong?

commentinfo By: ei lay at Jul 24, 2011
Comment #2

mike de,,

commentinfo By: ei lay at Feb 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment