Professional Authors

မင်းနဲ့ဆုံချင်တယ်

ဗလာနတ္တိနဲ့ပါ
အစတုံးကတော့
အချစ်ဆိုတဲ့ အရာ
မခုံမင်သေး
ကောင်မလေးရယ်
အရယ်အပြုံးတွေနဲ့
ဆံနွယ်တွေလေမှာပျံဝဲ
ငါ့ရဲ့အသည်းမှာ
စွဲလမ်းစေခဲ့တယ်။

သဒ္ဒါတွေမမှန်ခင်
စာတွေရင်မှာသီလျှက်
ရေးနေခဲ့တဲ့ ဒီကဗျာတွေ
လမ်းဆုံမှာ ဦးတည်ချက်မဲ့နေသလို
ဟိုရောက်ဒီရောက်နဲ့
မင်းဆီမရောက်နိုင်ခဲ့ဘူး။

ဒါဟာငါ့အပြစ်ပါ
စိုးရိမ်ကြောင့်ကြမူတွေ
ရင်မှာစီလို့ စစ်မထွက်ခင်မျှားကုန်
ချစ်ရသူကို တုန်တုန်လှုပ်လို့
ရှေ့မဆက်နိုင်ခဲ့ဘူး
လေးလံတဲ့ ငါ့ခြေလက်တွေ
အေးစက် ထုံအနေတဲ့
ငါ့ဦးနှောက်တွေ
ငါ့နှလုံးသား မလှုံဆော်နိုင်ခဲ့ဘူး
ငါမတော်လှန်နိုင်ခဲ့ဘူး
ငါအသုံးမကျခဲ့ဘူး။

တကယ်လို့များ
ဒီသီချင်းအတိုင်း
“ငါသာတန်ခိုးရှိရင်
ခုဘဝမှာတောင်းဆုတစ်ခုတည်း
အခွင့်အရေးတစ်ခုထဲ
နောက်ထပ်ရချင်တယ်”
ဖြစ်နိုင်ခဲ့ရင်တော့ဖြင့်
ငါဆုတောင်းပါတယ်
မင်းနဲ့ပြန်ဆုံချင်တယ်။

In: ကဗျာ Posted By: Date: Mar 15, 2011
Comment #1

ဖြစ်နိုင်ခဲ့ရင်တော့ဖြင့်
ငါဆုတောင်းပါတယ်
မင်းနဲ့ပြန်ဆုံချင်တယ်။

ပြန်ဆုံချင်ပါတယ် .. အဆုံးစွန်ထိသူရက်စက်ခဲ့ရင်တောင်ပေါ့

commentinfo By: ခင်ဘုန်းနေ at Mar 16, 2011
Comment #2

nice poem

commentinfo By: ei lay at Jan 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment