Professional Authors

အတောင်ပါသော ဓါး တစ် လက်

(၁) အဲဒီနေ့က…လူ မိုက်၏အမှောင် ကမ္ဘာ ၌
     မီးအိမ်ငယ်တစ်လုံး ပျောက် ဆုံးသွား ခဲ့ပါသည်
     မှော်ဆရာ…ကသောကြိုးဖြင့်တီးခတ် သော စောင်း ကဲ့ သို့
     ချစ်သူ၏ ပုံပြင်ရှည်တို့သည်လည်း
     မိုးကိုနှုတ်ဆက်….ကြွေပျက်ခဲ့ကြလေ၏   ။

(၂) လမ်းတွေ့သူများ…..သူမအားအကြောင်းကြားစေလိုပါသည်
      ကျောင်းတော်၏ခုံပြာတန်း တစ်ခုကို အမှီပြု
      ခေါင်းလောင်းသံတို့တစ်ခုပြီးတစ်ခု
      ကုက္ကိုတို့လည်း….တစ်ရာသီမှ တစ် ရာသီ ဝေဖူး
      ငါ စောင့် မျှော်..ခဲ့ ဘူး ပါ သည်…။
 
    သို့သော်…
     ကြယ်စင်လင်းလက်၊ ညတို့လည်း..ငါ့ကိုနှုတ် ဆက်
     မိုးသောက် သော်လည်း…အိပ် မက် ကရောက် မလာ တော့ ပါ
     လဲကျသူကူဖေးမ…မည်သူပြုခဲ့ကြ မည်နည်း….။

(၃)တစ်လမ်း တည်းသွား ၍  ကွာလှမ်းသူ
     ငါ တို့အား …. ဘယ်တရား က
      ခြားနားခဲ့ပါ သနည်း
     ချစ်သူ ငို သော မျက် ရည် စတွင်
    အတ္တ အား ငါ တွေ့လိုက်ရလေ၏

(၄) ထိုသို့ဖြင့်  
      ဘေးချင်းယှဉ် ကပ်…ရင် ဘတ် အား ဓါး ဖြင့်
      စိုက် လို သူ….
    သူမနှင့် အတူ ယှဉ် တွဲလျှောက်ရန် မလို တော့ ပါ
    မတိုက်လို သော စစ် ပွဲ အား…
    ငါ အရှုံး ထားခဲ့ ပါ မည်။

 (၅) ဓါးခုတ် ရာ လက် ၀င်လျှို၍
      ငါ့အား… လူ အ… ဟု ခေါ်ပါစေ
      အရှင် သခင် အလှထား…
      နှလုံးသားအား ငါထားခဲ့ပါ မည်
      လယ်ထွန် တတ် သောနွားလည်း…နေ၀င် ချိန် ၏
      ဓါး သံကို ကြောက် ရွှံ့ သကဲ့ သို့
     သင့် အားငါ ..ကြောက်ရွှံ့ ရို သေ ပါ မည်
 
(၆) ပြဇာတ်ကားပြီးဆုံးခဲ့လေ ပြီ
     လူရွှင် တော် ၏ မျက် ရည်စတို့ ဖြင့်
     လူတို့ရယ်မောကြပါ စေ
     ချစ်သူ၏ ရွှေအိပ်မက် လည်း
     သက်တန့် လွှာ ၇ ထပ် မှာ….
     လက် သထက် လက်ပါစေ
 
  ငါ သည်…..ပြဇာတ် အား မျက် ရည် ဖြင့်
     ဖျော်ဖြေ ခဲ့ပါ မည်  ။
   
  အသဲ ကွဲ ဖူးသူတို့လည်း….နှလုံးသားပက် ကြောင်းမှာ
     မေတ္တာ ပန်း တို့ ပွင့်ဖြိုး
      အလှ ကျက် သရေ တိုး သည် ထက် တိုးနိုင် ကြပါစေ

ငါ သည်…..ပြဇာတ် အား မျက် ရည် ဖြင့်
     ဖျော်ဖြေ ခဲ့ပါ မည်  ။
   
  အောင် နိုင် သူ တို့ လည်း….ရာဇ၀င် ခေတ် ခေတ် အဆက် ဆက်…
     အတ္တဓါး ကို ကိုင် စွဲ.. လူ တို့ အား…အသည်း ခဲ့နိုင် ကြပါ စေ

ငါ့ ဆု တောင်း ဖြင့်.. ငါ မက သော ပြဇာတ် အား အဆုံးသတ် ပါ မည်
ထို သို့ ဖြင့်… ပြ ဇာတ် ကို ကား လိပ် ချ…..
    ငါ နှုတ် ဆက် ခဲ့ပါ မည်….။

In: ကဗျာ Posted By: Date: Mar 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment