Professional Authors

Leave me alone

မင်းကိုချစ်ပါတယ်ဆိုတဲ့ စကားထက်လဲ ငါပိုချစ်နိုင်ပါရဲ့ 

စေလိုရာသို့ သာစေလိုက်ပါသခင် နာကျင်စရာဒဏ်ရာတွေရစေအုံးတော့ 

နင်နဲ့ ပတ်သက်သမျှ ဘယ်လိုဆုလာတ်မျိုးကိုမျှ ငါမတုံလှုပ်ခဲ့ 

မင်းသာစိတ်ချမ်းသာ ပျော်ရွှင်နေမယ်ဆိုယင် မျက်ရည်စက်စက်ကျစေအုံးတော့ 

ငါကျေနပ်မှာပါ မင်း ရွေးချယ်မှု့ ကိုငါနာခံနိုင်ဖို့ အသင့် ပါ

သူရဲကောင်းတစ်ယောက်တော့မဟုတ်ခဲ့ ဘူး

နင်ထားသွားခဲ့ ပါ ငါနေခဲ့ ပါမယ် ဒါပေမဲ့ နင်နှုတ်တော့မဆက်ခဲ့ ပါနဲ့ နော်

ညှာတာတဲ့ အကြည့် တွေတောင်မထားခဲ့ ပါနဲ့ 

မေ့လိုက်တော့ လိုလဲမတောင်းဆိုပါနဲ့ ဒီအတိုင်းလေးပဲထားပြီးထွက်သွားပါ

မင်းထားခဲ့ပေးမဲ့ ဘယ်လိုရလာဒ်မျိုးကိုမဆို

ရင်ဆိုင်နိုင်ဖို့ ကြိုတင်မပြင်ဆင်ထားပေမဲ့ ငါခံယူပါမယ်

တစ်ခုတော့မင်းရင်ထဲမှာနားလည်ထားလိုက်နော်

ငါမင်းကိုချစ်ခဲ့တာမုန်းဖို့မဟုတ်ဘူးဆိုတာကိုပေါ့

ငါအချစ်တွေကမ္ဘာတည်ဖို့ လဲ မကြွေးကြော်ပါဘူး

In: ကဗျာ Posted By: Date: Mar 9, 2011
Comment #1

အားပေးသွားပါတယ်
မေ့လိုက်တော့ လိုလဲမတောင်းဆိုပါနဲ့ ဒီအတိုင်းလေးပဲထားပြီးထွက်သွားပါ

မင်းထားခဲ့ပေးမဲ့ ဘယ်လိုရလာဒ်မျိုးကိုမဆို

ရင်ဆိုင်နိုင်ဖို့ ကြိုတင်မပြင်ဆင်ထားပေမဲ့ ငါခံယူပါမယ်

commentinfo By: genius.jinx28 at Mar 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment