Professional Authors

ဂုဏ်ပြုသ၀ဏ်လွှာ

ညီလေးရေ ………
ရေသောက်မြစ်တခု တွေ့ ရှိသလို
မင်း ဘ၀မှာ မောပန်းခြင်းတွေ ပြေပျေက်ပါစေ
ကိုယ်လိုရာ ကိုယ်ခိုင်းတက်တဲ့ ခန္တာ အတွက်
မင်းစီးခဲ့တဲ့ ဖိနပ်တွေ တော်တော်တောင်များနေပြီပဲ
အရိုးရှင်းဆုံး မာယာ ဆိုတာကို မင်း  မြည်းစမ်းပြီးရောပေါ့
စိတ်ကို စိတ်နဲ့ ပြန်ကုရတဲ့ လူ ဘ၀ဆိုတာလည်း နေတက်မှပါ
အရိပ် အတွက် နေပူမှာ မင်းရဲ့ချွေးတွေ တန်ဖိုးရှိခဲ့ပါတယ်
ဘ၀တခုရဖို့  ဘ၀တခု မင်း အလဲထိုးလိုက်တယ်နော်
ညီလေးရေ.. …….
ခေါင်းငိုက်စိုက်ချလို့  အတိတ်ဆိုတာ မတွေးပဲ နေရာယူတတ်တယ်
ငါ့တို့ ရဲ့ ကျရူံးခြင်းတွေမှာ ငါ့တို့  မာန်တွေ မပျောက်ဆုံးသေးဘူး
ငါ့တို့  ဆက်လျှောက်ရမဲ့လမ်းမှာ သွေးနီတွေ လွှမ်းမိုးလို့ 
ဒဏ်ရာဆိုတာ ဗလာပွနဲ့  ပေတရာမှာလည်း နေ့ စွဲထပ်ခဲ့ပြီ
ကိုယ် အပူ ကိုယ်ရှာလို့  ငါ့တို့ ဟာ မွန်မြတ်ခဲ့ပါတယ် ….
ညီလေးရေ ………
ထိတ်လန့် တကြား  ညပေါင်းများစွာမှာ ကားသံဟာ ခြောက်လန့် နေတယ်
အဆုံးမသတ်ချင်တဲ့ တံတိုင်းဖြူရဲ့နောက်မှာ ဘ၀တွေ နာကျင်ခဲ့ရလို
မျိုးဆက်သစ်တွေအတွက် မင်းတွေးပူတက်တာ အစဉ်လာကောင်းပါ
လူမသိ သူမသိနဲ့  ငါ့တို့  လက်တွဲဖော်တွေ  အော်ဟစ်ငြီးငြူသံတွေ
ရေသုံးခွက်နဲ့  အသည်းစွဲတဲ့ ၀ဲဟာ အိမ်သူအိမ်သားတွေ ရှေ့ မှာ ဘာမှမဟုတ်ခဲ့သလို
မင်း အပြုံးပီပြင်လို့  ငါ့တို့  ဂုဏ်ပြုပါတယ်..
ညီလေးရေ……….
လွတ်လပ်မှုအတွက် ငါ့တို့  စတေးခဲ့ရ  တို့ တွေ ရိုးသားခဲ့ကြပါတယ်
သံခြေကျဉ်းနဲ့  မင်း ခံယူချက်  အသက်ဆက်လို့ 
နေလောင်နေတဲ့ မင်း မျက်နှာ ၀င်းပနေဆဲပဲ
ကိုယ်နာမည် ကိုယ်ပြန်မခေါ်တက်ပေမဲ့  မင်း နာမည် မဟောင်းနွမ်းခဲ့ပါဘူး
နှောင်းခေတ်မှ ပန်းခေတ်တိုင်အောင် တို့ အောင်ပွဲဆိုတာ သမိုင်းရှိခဲ့တယ်  ညီလေးရေ…………                                                                                                                                                                       (  နှောင်းလူ )

In: ကဗျာ Posted By: Date: Mar 7, 2011
Comment #1

အားပေးသွားပါတယ် ကိုနှောင်းလူ
ခေါင်းငိုက်စိုက်ချလို့  အတိတ်ဆိုတာ မတွေးပဲ နေရာယူတတ်တယ်
ငါ့တို့ ရဲ့ ကျရူံးခြင်းတွေမှာ ငါ့တို့  မာန်တွေ မပျောက်ဆုံးသေးဘူး

commentinfo By: genius.jinx28 at Mar 7, 2011
Comment #2

ညီလေးရေ……….
လွတ်လပ်မှုအတွက် ငါ့တို့  စတေးခဲ့ရ တို့ တွေ ရိုးသားခဲ့ကြပါတယ်
သံခြေကျဉ်းနဲ့  မင်း ခံယူချက် အသက်ဆက်လို့ 
နေလောင်နေတဲ့ မင်း မျက်နှာ ၀င်းပနေဆဲပဲ
ကိုယ်နာမည် ကိုယ်ပြန်မခေါ်တက်ပေမဲ့ မင်း နာမည် မဟောင်းနွမ်းခဲ့ပါဘူး
နှောင်းခေတ်မှ ပန်းခေတ်တိုင်အောင် တို့ အောင်ပွဲဆိုတာ သမိုင်းရှိခဲ့တယ် ညီလေးရေ…………
အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Mar 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment