Professional Authors
ကြယ်ချင်းတူခဲ့ပေမယ့် ငါကနေ့ခင်းမှာပဲ ကြွေခဲ့တယ်…(terry)
မြူနှင်း…….
ကျောခြင်းကပ်လိုက်ရုံနဲ့
ခေါင်းနဲ့ ပန်းဘဝ
မျက်စိတစ်မှိတ်အတွင်းမှာပဲ
ရောက်ရှိသွားတာလား….
ထုံးတမ်းစဉ်လာအရ
ကံကြမ္မာကြောင့် ဖျားခဲ့တယ်လို့ပဲသတ်မှတ်ပါ။
ပြောတတ်ပေမယ့်
မပြောရက်ခဲ့တာပါ….
မြူနှင်းရယ်……။
မင်းရဲ့နေ့ စဉ်သုံး ချစ်ချင်းတရားမှာ
ငါလိုသတ္တ၀ါဟာ
လမ်းညွှန်ပေးခဲ့ပေမယ့်
လိုမှထုတ်ကြည့်တတ်တဲ့
မြေပုံ တစ်ခုလောက်ပဲ
သဘောထားခြင်းခံခဲ့ရတာပါ…။
ဘယ်စကားဘယ်လိုပြောရင်
ဘယ်အရာကိုညာနေတယ်ဆိုတာ
သိပေမယ့်
ငါမသိသင့်တဲ့အရာတွေမှာ
ရင့်နင့်စရာတွေများလို့ 
ပြောမထွက်ပဲ ညာခဲ့တာလို့ 
အကြိမ်ကြိမ် ဖြေသိမ့်ခဲ့တယ်..
ငါနှုတ်ခမ်းကပြုံးတိုင်း
ငါရင်ထဲမှာပျော်နေတယ်ထင်လား..
ဂျိုကာတစ်ကောင်မှာလည်း
ငိုရတဲ့ရက်စွဲရှိတယ်..။
မြူနှင်းရယ်…
ကျောဘက်ကထိုးမှ
ဓါးတဲ့လား ကွယ်…
ရှေ့ဘက်ကထိုးလည်း
သေတတ်တာခြင်းတော့ တူပါတယ်..။
ရရှိခဲ့တဲ့စိတ်အမာရွတ်များ
ပြုလုပ်သူနေရာမှာ
ကျုပ်လို့ ပဲထားပါ….
မျက်ရည်လွယ်တတ်ရင်တော့
ညည်းချင်း များပဲကြားနိုင်တယ်။
ခိုင်မြဲခြင်းမခိုင်မြဲခြင်းတရား
အပန်းမကြီးရင်
ခေတ္တရပ်ပြီးစဉ်းစားကြည့်ပါ…
အမှန်နဲ့ အမှား
နှစ်ခုကြားကစီရင်ခြင်းတရား
ငါစိုးရိမ်တယ်…မြူနှင်း……
ချစ်လှပါသည်ဆိုသော
နင့်ဘေးကအသစ်စက်စက်ကိုယ်ပွား
ငါထားသလိုနင့်ကိုထားနိုင်ပါ့မလား…
လေလှိုင်းထဲကပုံပြင်များ
နင်အမြဲတမ်းပြုံးနေရအောင်
ပြောပေးနိုင်ပါ့မလား…………..
ချိန်းတဲ့အချိန်တိုင်း
ရောက်ရောက်မလာတတ်ပေမယ့်
မျှော်လင့်ချက်တစ်ပုံတစ်ပင်ကြား
ငါ့လိုနေကွယ်အောင် စောင့်နိုင်ပါ့မလား………..
ဒါပေမယ့် မြူနှင်းရယ်………..
ငါလိုနေ့ ခင်းမှာကြွေတဲ့ကြယ်
ဘယ်သူမှ
သတိမထားမိဖို့ ပဲ များပါတယ်………။
ငါလိုနေ့ ခင်းမှာ ကြွေတဲ့ကြယ်….
ဘယ်သူမှ…
သတိမထားမိဖို့ပဲ များပါတယ်…….
သတိမထားမိဖို့ပဲများပါတယ်………………….။
                                                                    terry(6.3.2011.)4;25am..
In: ကဗျာ Posted By: Date: Mar 6, 2011
Comment #1
so nice
commentinfo By: angel at Mar 6, 2011
Comment #2
ငါလိုနေ့ ခင်းမှာကြွေတဲ့ကြယ်
ဘယ်သူမှ
သတိမထားမိဖို့ ပဲ များပါတယ်………။
ငါလိုနေ့ ခင်းမှာ ကြွေတဲ့ကြယ်….
ဘယ်သူမှ…
သတိမထားမိဖို့ပဲ များပါတယ်…….
သတိမထားမိဖို့ပဲများပါတယ်………………….။
အဆုံးသတ်ကလေး အရမ်း မိုက်တယ် ၊ ဂွတ်ဗျာ
commentinfo By: မောင်ချမ်းအေး at Mar 6, 2011
Comment #3
နေ့ခင်းမှာ ကြွေခဲ့ရတဲ့ကြယ်တွေ …. ဘယ်လောက်များ ရှိနေပြီလဲဗျာ …
ရင်နှင့်အမျှ ခံစားရပါတယ်
commentinfo By: harry at Mar 7, 2011
Comment #4
အားပေးသွားပါတယ်
ငါလိုနေ့ ခင်းမှာ ကြွေတဲ့ကြယ်….
ဘယ်သူမှ…
သတိမထားမိဖို့ပဲ များပါတယ်…….
commentinfo By: genius.jinx28 at Mar 7, 2011
Comment #5
အရမ်း ခံစားရပါသည်
commentinfo By: Devil lose story at Mar 8, 2011
Comment #6
ပြောတတ်ပေမယ့်
မပြောရက်ခဲ့တာပါ….
မြူနှင်းရယ်……။
မင်းရဲ့နေ့ စဉ်သုံး ချစ်ချင်းတရားမှာ
ငါလိုသတ္တ၀ါဟာ
လမ်းညွှန်ပေးခဲ့ပေမယ့်
လိုမှထုတ်ကြည့်တတ်တဲ့
မြေပုံ တစ်ခုလောက်ပဲ
သဘောထားခြင်းခံခဲ့ရတာပါ…။
……………….
မြူနှင်းရယ်…
ကျောဘက်ကထိုးမှ
ဓါးတဲ့လား ကွယ်…
ရှေ့ဘက်ကထိုးလည်း
သေတတ်တာခြင်းတော့ တူပါတယ်..။
……………
terry ရေ ရေးတော့လည်း အလန်းပဲ အရမ်းကြိုက်တယ် ……
commentinfo By: အသဲကွဲမိုး at Mar 8, 2011
Comment #7
angle..ကိုချမ်းအေး…ကိုဟယ်ရီ..genius…devil lose story…အသဲကွဲမိုး…အားလုံးကိုအားပေးတဲ့အတွက်
အရမ်းကျေးဇူးတင်ပါတယ်..
commentinfo By: terry at Mar 8, 2011
Comment #8
ငါလိုနေ့ ခင်းမှာကြွေတဲ့ကြယ်
ဘယ်သူမှ
သတိမထားမိဖို့ ပဲ များပါတယ်………။
တိုက်ဆိုလို့လားတော့မသိဘူး စာသားကအရမ်းမိုက်တယ်။ကြိုက်သွားပြီ။အားပေးနေမယ်……….
commentinfo By: kyawtint at Mar 9, 2011
Comment #9
ငါလိုနေ့ ခင်းမှာ ကြွေတဲ့ကြယ်….
ဘယ်သူမှ…
သတိမထားမိဖို့ပဲ များပါတယ်…….
သတိမထားမိဖို့ပဲများပါတယ်………………….။
အရမ်းကြိုက်ပါတယ်….
commentinfo By: Moe Sat Oo at Mar 30, 2011
Comment #10
အရမ်းကောင်းတယ်ဗျာ………heart ထိတယ်ဗျ…
commentinfo By: nyi nyi zaw at May 30, 2011
Comment #11
အရမ်းကိုကောင်းပါတယ်
အားပေးနေပါတယ်ဗျာ
commentinfo By: HEROSMITH at Jun 25, 2011
Comment #12
ကျွန်တော်လဲနေ့ခင်းမှာ ကြွေဖူးတယ်
commentinfo By: မင်းမာန် at Jun 25, 2011
Comment #13
အားပေးနေတဲ့မောင်နှမတွေကို…ကျေးဇူးပါ…..။ 🙂
commentinfo By: terry at Jun 28, 2011
Comment #14
so nice
commentinfo By: ei lay at Jan 1, 2012
Comment #15
ရရှိခဲ့တဲ့စိတ်အမာရွတ်များ
ပြုလုပ်သူနေရာမှာ
ကျုပ်လို့ ပဲထားပါ….
စိတ်တို့ ရဲ့ ရာဇ၀င်ထဲကအသံတွေကြား
မျက်ရည်လွယ်တတ်ရင်တော့
ညည်းချင်း များပဲကြားနိုင်တယ်
မြူနှင်း…….
ကျောခြင်းကပ်လိုက်ရုံနဲ့
ခေါင်းနဲ့ ပန်းဘဝ
မျက်စိတစ်မှိတ်အတွင်းမှာပဲ
ရောက်ရှိသွားတာလား….
ထုံးတမ်းစဉ်လာအရ
ကံကြမ္မာကြောင့် ဖျားခဲ့တယ်လို့ပဲသတ်မှတ်ပါ။
commentinfo By: taryar at Jan 24, 2012
Comment #16
i like your poems ko terry !
commentinfo By: taryar at Jan 24, 2012
Comment #17
ကဗျာကောင်းကောင်းဖတ်ရပေမယ့်  စိတ်မကောင်းပါ…
လွတ်မြောက် လွန်မြောက် ကျေနပ် နေတတ်လို့ 
အရှည်သဖြင့် တည်တံ့ပါစေ
commentinfo By: NC at Jan 24, 2012
Comment #18
…………………………………………….
commentinfo By: Sofarawayfromyou at Feb 26, 2013
Comment #19
ဂျိုကာတစ်ကောင်မှာလည်း
ငိုရတဲ့ရက်စွဲရှိတယ်..`..ကြိုက်တယ်ဗျ……အားပေးလျှက်ပါ
commentinfo By: tabound at Feb 26, 2013
Leave Comments
Name*
Email*
Website
Email me whenever there is new comment