Professional Authors

မျက်ဝန်းမှ …

ပြိုမလို၊
ညိုကာထစ်ချုန်း …။

မှောင်ရီပြာ …၊
တောင်ဆီမှာ မိုးတွေညို့ပြီကွယ့်၊
ဖြိုးစွေလို့သက်ဆင်းကာ၊
မျက်ဝန်းမှာ ရွာပါစေဖို့၊
မာယာတွေ ဆင်ခဲ့သူရယ်၊
မြင်လှည့်ပါအုန်း (ဦး)။

In: ကဗျာ Posted By: Date: Jun 12, 2009
Comment #1

မိုက်ပါ့ဗျာ … ဒါကိုတော့ ဖျက်တော့ဘူး ကြိုက်လွန်းလို့ ။ 🙂

commentinfo By: nightbird at Jun 12, 2009
Comment #2

ဘယ်ဟာကိုတော့ ဖျက်လို့လဲ

commentinfo By: harry at Jun 13, 2009
Comment #3

မိမွေး ဖမွေး မာယာတွေ
သဘာဝ ကာလမိုးကို
အပြစ်တော်မယူ
ခွင့်လွတ်တော်မူ ကိုဟယ်ရီ။

(မာယာ ဆိုတာ ကျား၊မ အကုန်လုံးမှာ ရှိတယ်)

commentinfo By: Phyo at Jun 13, 2009
Comment #4

အော် … အပြစ်လဲမယူပါဘူး .. ခွင့်လဲလွှတ်ပါတယ်ဗျာ
တမ်းတမိရုံသက်သက်ပါ

commentinfo By: harry at Jun 13, 2009
Comment #5

မာယာမျက်ဝန်းလို့သတ်မှတ်
တဖက်သက်အတွေးနဲ့စိမ်း
မိန်းမတွေက မရှိမကောင်းရှိမကောင်းဘူးလို့
ကဗျာတွေစာတွေလိုက်လိုက်ဖက်
နောက်ဆုံးတော့လည်း သူတို့ရဲ့မျက်ရည်တွေကြား
ကျွန်တော်တို့ အိပ်မက်တွေ ချစားခံနေရတာပါပဲဗျာ
ဒါပေမယ့် မိုးကိုတော့အပြစ်မတင်ပါနဲ့ဗျာ
မိုးတွေနဲ့အတူ မျက်ရည်ကျတဲ့အခါ
ဘယ်သူကမှ မသိအောင် မိုးတွေက ကူညီတယ်လေ

commentinfo By: moemoe at May 17, 2011
Comment #6

မိုးကို အပြစ်မတင်သလို ဘယ်သူ့ကိုမှလည်း အပြစ်မတင်ပါဘူး ညီလေးရယ်
ကံကိုသာ ယိုးမယ်ဖွဲ့ရုံပေါ့ …

commentinfo By: harry at May 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment