Professional Authors

အမေများသို့


ဖြူစင်မေတ္တာ စိတ်ကူးဖြူကြောင့်
လည်ပတ် ဓမ္မတာ ဖောက်ပြန်ကာ
သွေးမှ နို့ချို ဖြစ်ခဲ့သည်။

ဖ၀ါး လက်နှစ်လုံး၊ ပခုံး လက်နှစ်သစ်
လူဖြစ်တော့လဲ၊ အစစအရာအရာ ချိုးခြံကာ
သားနဲ့ သမီးတွက် ရည်မှန်းစိတ်ကူး
ကျေနပ်ပီတိ ဝေခဲ့သည်။

လူလားမြောက်လို့ သားဆိုး၊ သမီးဆိုး
တွေ့သော်ငြားလည်း
ပူမှုအထွေထွေ ရင်မှာပိုက်လို့ သောကအပေါင်းဝေခဲ့သည်။

သွေးနဲ့ ထုဆစ် ရင်နှစ်သားကို
လောကဓံ ကျိန်စက် ခံရသော်လည်း
အပြုံးမပျက် ၀တ္တရားတွေလဲ ကျေခဲ့သည်။

သေခြင်းတရား သိသော်ငြားလည်း
သေမင်းမကြောက် သား(သမီး)ချစ်ဇောနဲ့
တမလွန်ထိ ပူသေးသည်။

(အမေ……….. သား
အမေ့ကို အရမ်းလွမ်းနေတယ်)

(2-3-2011)
လိပ်ပြာ

Comment #1

အားပေးသွားတယ်နော်။
🙂

commentinfo By: Wint May at Apr 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment