Professional Authors

နွေ

ဒီခေါင်းစဉ် မြင်တာနဲ့
အရင်ဦးဆုံး
‘နွေ’ဆိုတဲ့ ကဗျာဆရာမလေးက
သူမရဲ့ အလှကို လာရှာမှာ

ဥသြငှက်လေးကလည်း
သူရဲ့ အလွမ်းတေးကို လာရှာမှာ

ရော်ရွက်ကြွေတွေကလည်း
သူတို့ရဲ့ မြေခနေတဲ့အလှကို လာရှာမှာ

နေမင်းကြီးကလည်း
သူရဲ့မာန်ဟုန်ပြင်းပြင်းကို လာရှာမှာ

ပိတောက်တွေကလည်း
သူတို့ရဲ့ သစ္စာတရားကို လာရှာမှာ

ရှာပုံတော်မင်းသားကြီးကလည်း
ရေတွေစိုလို့ ပျက်သွားတဲ့လိပ်စာရှင်မလေးကို
လာရှာမှာ

အဖြူအစိမ်း ကျောင်းဝတ်စုံလေးတွေတောင်
ခေါင်းလောင်းသံလေးကိုလွမ်းမိတဲ့အကြောင်း
လာရှာချင်လာရှာမှာ
ဆိုတော့…
နွေရယ်
ငါက ဘယ်လိုအရည်အသွေးတွေနဲ့
နင့်အလှကိုမီအောင် ဖွဲ့နွဲ့ပြရပ။

In: ကဗျာ Posted By: Date: Mar 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment