Professional Authors

ငွေ့ ရည်ဖွဲ့ ရာမှတဆင့် ဆင့်ကဲဖြစ်ပေါ်နေသော စိတ်မှုဆိုင်ရာ နောက်ဆုံးဆေးစစ် / စစ်ဆေးချက်များအရ

ဟမ် ….. ဘ၀ကူးမကောင်းဘူးတဲ့ လား ပြင်ညီမျက်နှာသေပေါ် လွင့်စဉ်
ပြိုဆင်းလာတဲ့ မိုးဦးပေါက် အကျိုးတရားသက်သက်တွေလား လွမ်းတသသ
ဖြစ်စရာ ဒီဇာတ်ကြောင်းရဲ့ ပထမဇာတ်ဝင်ခန်းရဲ့  ပထမဦးဆုံး ဒိုင်ယာလောဂ့်မှာ
ထင်တဲ့ အတိုင်းပဲ ( တနည်းအားဖြင့် ) ကြိုတင်ကြံစည်ထားသမျှနှင့် ပစ်ပစ်ခါခါ ချွတ်ချော်လွဲမှားခြင်း
သတင်းပေးပို့ ချက်တွေဟာ စိတ်အစဉ်ဆီ ဖြတ်ကူးလားရင်း ပြန်သွားရင်း မဆုံးနိုင်တော့ဘူးပဲ
ဒါပေမယ့် ဒါကလည်း
ကျိုးကြောင်းဆီလျော်စွာ ဖြစ်တည်လာတဲ့  ပုံစံမတူဖန်တီး ပြုလုပ်ချက်တွေပဲ ဆိုတာမျိုးပေါ့
“ချစ်သူနှစ်ဦးဟာ သူတို့ သိတဲ့နည်းတွေနဲ့ တစ်ဦးကိုတစ်ဦး အတတ်နိုင်ဆုံးချစ်..ပြ…ကြ….ရင်း…..”
ကလေးငယ်ဟာ ဖယောင်းတိုင်မီးကိုကိုင်လိုက်တယ်
ကလေးငယ်ဟာ ဖယောင်းတိုင်မီးကို ဘယ်တော့မှမကိုင်တော့ဘူး
“အမြင်သွေလွဲ အာရုံခံစားမှုလွန် ” လိုင်း ၄ မှ ၆ ရဲ့ ဦးတည်ရာဟာ ….
မတော်တဆကိုပဲ တမင်တကာ လုပ်ယူခဲ့ကြရသလိုမျိုး စိတ်ကစဥ့်ကလျား
လွင့်ပါးနေရခြင်းမှာ ကျင့်သားမရနိုင်တဲ့ ချော်ရည်ဝါတွေပဲပေါ့ ……… ခက်တယ်
‘ စုပ်ယူမှုတ်ထုတ်တာတဲ့ ။ ဘာကိုလဲတဲ့ ။ လေပူတွေကိုတဲ့ ။ မအေးသေးဘူးလားတဲ့ ။ ‘

                                                                                           ( လူဆန်း )

ဟူး ………… ၊ တစ်ဘ၀လုံး ဆောင်လာခဲ့တဲ့ ဆာလောင်မှုမှာ ……….

ဘာ …………. ။

In: ကဗျာ Posted By: Date: Feb 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment