Professional Authors
ထွက်ပေါက်
 နယူတန်ရဲ့ သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှု ရှိတယ်ဆိုတဲ့ အတွေးမျိုး..
ပိုက်သာဂိုးရပ်စ် သီအိုရမ်က ပြင်ညီမျက်နှာပြင်ပေါ်မှာ
ဆွဲထားတဲ့ ထောင့်မှန်တြိဂံတွေ အတွက်သာ မှန်ကုန်မှု……
အိုင်းစတိုင်း ရဲ့ အီးညီမျှခြင်း အမ်စီစကွဲယား ဖော်မြူလာတွေ.. …
မော်စီတုန်း၊ဟင်နာရီင်္ကစ်ဆင်ဂျာ…………..
ဟေရာကလိုက်တပ်စ်ရဲ့ မပြောင်းလဲသော အရာကား ပြောင်းလဲခြင်း သီအိုရီ …..
ဦးနှောက်ဗလာသက်သက်တော့ မဟုတ်လောက်ဘူး
သိုးကျောင်းသားလို့   ညဏ်ရည်မျိုးနဲ့ 
အိပ်ရေး၀၀ အိပ်လိုက်တာအကောင်းဆုံးလို့  ထင်တာပဲ….
ကမ္ဘာဦးအစမှာ အာဒံနဲ့ ဧ၀ အသည်းကွဲခဲ့သလား…..
သိပ္ပံနည်းပညာနဲ့  မျောက်ဆိုတာ လူသားအစလို ပြောခဲ့တဲ့ ရူပ်ထွေးမှု
ကမ္ဘာအုံဇုန်လွှာပေါက်ကွဲမှုထဲမှာ မျိုးတုန်းတော့မဲ့ ခက်ညံညံ သတ္တ၀ါတွေ
အော်ဒီကလုံးဆန်ဆန် မိထ္ထူဆန်ဆန် လူသားများ…..
ရာစု နှစ်တွေရဲ့  တ၀က်လောက်မှာ
အက်စစ်(စ်) ခပ်ပါးပါး လောင်းခံရသလို
အပြုံးထဲမှာတောင် နေ့ နံအလိုက် ပြုံးတက်လို့ 
တကယ်ဆို ဂျပိုးတကောင်လို သေသွားတာတောင်
အနမ်းခံကြည့်ချင်သေးတယ်………
                                                                           (  နှောင်းလူ )
In: ကဗျာ Posted By: Date: Feb 27, 2011
Comment #1
ရာစု နှစ်တွေရဲ့ တ၀က်လောက်မှာ
အက်စစ်(စ်) ခပ်ပါးပါး လောင်းခံရသလို
အပြုံးထဲမှာတောင် နေ့ နံအလိုက် ပြုံးတက်လို့ 
တကယ်ဆို ဂျပိုးတကောင်လို သေသွားတာတောင်
အနမ်းခံကြည့်ချင်သေးတယ်………
မိုက်တယ်..ဗျ…အသုံးအနှုန်းတွေက..အားပေးနေတယ် ကိုနှောင်းလူ
commentinfo By: အသဲကွဲမိုး at Feb 28, 2011
Comment #2
ဟုတ်ကဲ့ အားပေးတာကို ကျေးဇူးတင်လျှက်ပါ………. 🙂
commentinfo By: နှောင်းလူ at Feb 28, 2011
Comment #3
အားပေးသွားတယ်ဗျ ကိုနှောင်းလူ စကားလုံးလေးတွေ အသက်ဝင်တယ်ဗျ
Comment #4
ဟုတ်ကဲ့ ဒီထပ် ခံစားမှုတွေများလာအောင် ကိုယ်ကိုကိုယ် ဒဏ်ပေးနေပါတယ် …… 😀
commentinfo By: နှောင်းလူ at Feb 28, 2011
Comment #5
သိုးကျောင်းသားလို့  ညဏ်ရည်မျိုးနဲ့ 
အနမ်းခံကြည့်ချင်သေးတယ်………
ကမ္ဘာဦးအစမှာ အာဒံနဲ့ ဧ၀ အသည်းကွဲခဲ့သလား…..
အက်စစ်(စ်) ခပ်ပါးပါး လောင်းခံရသလို
ဦးနှောက်ဗလာသက်သက်တော့ မဟုတ်လောက်ဘူး
ကမ္ဘာအုံဇုန်လွှာပေါက်ကွဲမှုထဲမှာ မျိုးတုန်းတော့မဲ့ ခက်ညံညံ သတ္တ၀ါတွေ
အပြုံးထဲမှာတောင် နေ့ နံအလိုက် ပြုံးတက်လို့ 
ရာစု နှစ်တွေရဲ့ တ၀က်လောက်မှာ။
commentinfo By: တာကော at Feb 28, 2011
Comment #6
🙂
commentinfo By: နှောင်းလူ at Mar 1, 2011
Leave Comments
Name*
Email*
Website
Email me whenever there is new comment