Professional Authors

သူတို.နဲ. ကျွန်တော်

သူတို.က ကျွန်တော်.ကို မေးလာတယ်
ဒီမှာ…မင်း
လွမ်းဖို. သက်သက် လူဖြစ်လာတာလား တဲ.
ပြန်ဖြေမိတယ်
ဟင်.အင်း….
လွမ်းနေရတာနဲ.  တစ်ခါတစ်လေ
ကိုယ်.ကိုယ်ကို လူဆိုတာတောင်
မေ.သွားတယ်  လို. 

သူတို.က မေးပြန်တယ်
အခုလို သိက္ခာနဲ. မာနတွေ
ပုံအောပြီး ချစ်နေတာ
မင်းအတွက်ထိုက်တန်ရဲ.လား  တဲ.
ကျွန်တော် ထပ်ဖြေတယ်
သူ.ရဲ. အစိမ်းရောင် မျက်ဝန်းတွေထဲမှာ
ဂရုဏာ အရိပ်အငွေ.သန်းလာခဲ.ရင်ပဲ
ပေးဆပ်ခဲ.သမျှအတွက်
ကျေနပ်ပါတယ် လို.

သူတို.က နောက်ထပ်မေးခွန်းထုတ်တယ်
သူ.ရဲ. နှလုံးအိမ်ထဲမှာ
မင်းအတွက် တစ်နေရာရှိလာလိမ်.မယ်လို.
ဘယ်လောက်ထိများ သေချာထားလို.လဲ တဲ.
ကျွန်တော်…
ကျွန်တော် မဖြေနိုင်တော.ဘူး       …
… … …

နောက်ဆုံးမှာ
(မြန်မာ ဗီဒီယိုကားတွေထဲက
အပ်ကြောင်းထပ်နေတဲ. ပြကွက်)
သေခါနီး လူမမာကို
ဆရာဝန်က လက်လျှော.လိုက်သလိုမျိုး
ခေါင်းကို ဘယ်ညာ ခပ်ဖြေးဖြေးရမ်းရင်း
သူတို.
ကျွန်တော်.ဘေးက
 ထွက် သွား ကြ လေ ရဲ. …..

In: ကဗျာ Posted By: Date: Feb 26, 2011
Comment #1

လန်းတယ်ကွာ
heart ကိုထိသွားတာပဲ

commentinfo By: thinzar at Jul 29, 2011
Comment #2

no,,nope.
u have answer,
u’ll get what u give.
no doubt.
there is a reflexation.
it’s the truth of the world.

next time,when they ask u,u must reply ur belief & faith.
actually,they r envious of u so much.

commentinfo By: ei lay at Aug 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment