Professional Authors

နောက်ဆုံးမှာ

နှစ်ရှည်လများ 
တယုတယ ထွေးပွေ.ထားခဲ.ရသမျှ
သုညတစ်လုံးသက်သက်ပဲဆိုတာ
သဘောပေါက်ခဲ.ရတဲ. အချိန်….
ငယ်ငယ်က
ပွဲဈေးတန်းမှာ အမေပျောက်သွားခဲ.သလိုမျိုး
ဆွေးဆွေးမြည်.မြည်.
တမ်းတမ်းတတ….

မတော်တဆ ကျပျောက်သွားခဲ.ရတဲ.
အိပ်မက် အဟောင်းအနွမ်းတွေ…
တစ်ပိုင်းတစ်စနဲ.ရှေ.မဆက်နိုင်ခဲ.တဲ.
တိုးလို.တန်းလန်း အပြုံးတွေ…
အလစ်အငိုက် စီးနင်းခံခဲ.ရတဲ.
ယုံကြည်ခိုင်မာမှုတွေ..
… … …
ငါ.အထ္ထုပတ္တိလည်း မင်နီတွေ ရဲလို. …

တစ်ခါတစ်လေတော.လည်း ဒီလိုပါပဲ
ရင်.ကျက်မှုကို ရဖို.
နောင်တတွေ အများကြီး ရင်းခဲ.ရဖူးတယ်

In: ကဗျာ Posted By: Date: Feb 26, 2011
Comment #1

ဒါပေါ့ဗျာ ရင့်ကျက်မှုရဖို့ ကျွန်တော်တို့မှာ စတေးခဲ့ရတာက အများသားဗျ မင်နီတွေလဲ အရဲသားပေါ့ မာနတွေ အထွေးလိုက်နဲ့ အမှားတွေကလဲ မှားဆဲမို့ ဒုက္ခတွေ ဝေနေလဲ နောက်ဆုံးမှာ ဘ၀က နေတတ်ပျော်တတ်ရင် သေပျော်တာပါပဲ ဒီလိုနဲပဲ ခင်များကို ကျေးဇူးတင်တယ် SimpleSimplest

commentinfo By: Demon at Feb 26, 2011
Comment #2

ဒီလိုခံစားမှုမျိုးကို ကြိုက်ပါတယ် ၊ ဘ၀ ရဖို့ဘ၀ကို ရင်းရတာပဲ ၊ ဘ၀ရဲ့ နောက်ဆုံးချိန်ကျ ကျွန်တော်တို့ ဘာတွေရခဲ့သလဲ ဆိုရင် ဖြေဖို့ အဖြေက ဘ၀ တစ်ခုပဲ ၊ ရင့်ကျက်မှုဆိုတာ ဘ၀ ရဲ့ သေးငယ်တဲ့ အစိတ်အပိုင်း လေးတစ်ခု ပဲလို့ ကျွန်တော်မြင်ပါတယ် ၊ မှားသွားရင် တောင်းပန်ပါတယ်

commentinfo By: mgchannaye at Feb 26, 2011
Comment #3

really nice.

commentinfo By: ei lay at Jul 20, 2011
Comment #4

အားပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျ။

commentinfo By: SimpleSimplest at Jul 22, 2011
Comment #5

အမှန်ပဲသူငယ်ချင်း
ရင်.ကျက်မှုတွေရဖို့
ငါလဲနောင်တတွေရင်းခဲရဖူးတယ်

commentinfo By: chu at Jul 23, 2011
Comment #6

ငါ.အထ္ထုပတ္တိလည်း မင်နီတွေ ရဲလို. …
တစ်ခါတစ်လေတော.လည်း ဒီလိုပါပဲ
ရင်.ကျက်မှုကို ရဖို.
နောင်တတွေ အများကြီး ရင်းခဲ.ရဖူးတယ်

commentinfo By: chityellusoelay at Aug 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment