Professional Authors

မနက်ဖြန်…..ဆိုရင်………

မနက်ဖြန်ဆို…………
သူ ..ကျွန်မ ကို ခွဲခွာသွားတော့မှာ
မနက်ဖြန်မှာ…………
သူ့ဘ၀ထဲက..ကျွန်မကို
အပြီးအပိုင်..ထုတ်ချန်ခဲ့တော့မှာ
မနက်ဖြန်ထဲ…………
တခြားလက်တစ်စုံ နဲ့..သူ..
လမ်းလျှောက်ထွက်..ချင်..တော့မှာ
မနက်ဖြန်က………….စ
သူကျွန်မ..ကို ..ထာဝရ..မေ့သွားတော့မှာ။

အံကြိတ်လို့..မာန်တင်း
လွမ်းသူ့ရင်ခွင်..ကျွမ်းလို့ကြွေပါစေ
သူ့ကို………….
မထူးခြား..မပြောင်းလဲစေနိုင်မယ့်
အသည်းစကားတို့….
ခြွေမပြတော့ဘူး။

တိတ်တိတ်လေး….မေးလ်ပို့
ကျွန်မသိထားတဲ့…သူ့အသစ်လေးဆီ
အအေးမိလွယ်သော
အပူအစပ်ကြောက်သော
ပိုးဟပ်ကြောက်တတ်သော
အပြာရောင်နှင့်အလွန်လိုက်ဖက်သော
သီချင်းတ၀က်တပျက်သာရတတ်သော
ညအမှောင်တွင်……..အပြင်နေပျော်သော
သူ့အား………………….
စိတ်ဆိုးတိုင်း….
“ချစ်အယူခံ”တေးနှင့်ချော့ရန်
ရန်ဖြစ်တိုင်း….
သူ့အား အနိုင်ပေးရန်
. ……………………….
. … ……………………………
….. ………………………………..
ပြီးတော့…………………..
နောက်ဆုံးအနေနဲ့
သူ့အသံလေး record သွင်း
အရိပ်အမြွက်နဲ့မျှ…မတားဆီး
ဖုန်းလေးပိတ်
သူ့ဓာတ်ပုံလေး…..ရင်ခွင်ထဲထည့်
တိုးတိုးဖွဖွ..နမ်း
“ချစ်အယူခံ”တေးလေးညဉ်းရင်း
……………………………..
မနိုးဆေးတို့ရဲ့ အစွမ်းတချို့နဲ့
.
ကျွန်မ.အိပ်စက်ပါပြီ
……
မနက်ဖြန်မှာ
. ……………
နိုးထ….မလာပါစေနဲ့တော့။

In: ကဗျာ Posted By: Date: Feb 26, 2011
Comment #1


ကောင်းလိုက်တဲ့ အချစ်
ရယူခြင်းမဟုတ်တဲ့ အချစ်
ပေးဆပ်ခြင်းသပ်သပ်ပဲ
အရမ်း မွန်မြတ်ပါတယ် . . .။

commentinfo By: nanpyisoke at Feb 26, 2011
Comment #2

ဒါဟာ မွန်မြတ်ခြင်းပေါ့ကွယ်… နော်။ အားပေးနေတယ်…။

commentinfo By: gadounlay at Feb 26, 2011
Comment #3

အိပ်မက်တစ်ခုပဲဖြစ်နေပါစေ….
ပြီးတော့
လန်းဆန်းနေတဲ့အချစ်တွေနဲ့အတူ
အမြန်ဆုံးနိုးထနိုင်ပါစေ
အရမ်းကောင်းတဲ့ကဗျာလေးပါဗျာ
ကျွန်တော်တော့နာကြင်လှပြီ
ကဗျာတွေမထွက်တော့ဘူးဗျာ……….

commentinfo By: လွမ်းနောင် at Feb 26, 2011
Comment #4

ခံစားပေးလို့ ရတယ် အရမ်းကောင်းတယ် ….. 🙂

commentinfo By: နှောင်းလူ at Feb 27, 2011
Comment #5

အရမ်းကောင်းပါတယ် အသဲကွဲမိုး အမြဲတမ်းအားပေးနေမယ် နော် 🙂

commentinfo By: Gipsy Lay at Feb 27, 2011
Comment #6

အိမ်မက်ဆိုးပဲ ။ ကြောက်စရာကောင်းတယ် ။ နိုးလာရင်လည်း လူရော စိတ်ရော မောနေရဦးမယ် …. ။

commentinfo By: ထူးဝေ at Feb 27, 2011
Comment #7

အားပေးတဲ့မောင်နှမ များအားလုံးကျေးဇူးအများကြီးတင်ပါတယ်နော်…………..
…………………
ဘ၀ က နေစောစော ၀င်ခွင့်မရတာလည်း……ခက်တယ်……..
ဒီလိုပဲ………………………လွမ်းတောထဲချာချာလည်ရင်း………အသည်းတွေကျွမ်းပါပြီ…

commentinfo By: အသဲကွဲမိုး at Feb 28, 2011
Comment #8

အားပေးတယ်ဗျာ……. ဆေးတော့ မသောက်လိုက်နဲ့ မိုး…… မသေကောင်းမပျောက်ကောင်းဗျာ……
1 go, 2 come, 3 ready, 4 wait, 5 standby, 6 queue, နောက်ဆုံးမှာမှ အဆင်မပြေသေးရင်
ကျွန်တော် 7မှာ ရပ်နေပေးမယ်………
နောက်တာ……….. ဟိုအစ်ကိုကြီး လာထိုးတော့မယ်
🙂

အရမ်းကောင်းပါတယ် ကဗျာလေးက
အားလည်းပေးသွားတယ်
မနောက်ရတာ ကြာလို့လဲ နောက်သွားတယ်
အဆင်ပြေပါစေဗျာ

Comment #9

ကဗျာတွေထဲမှာပဲ ကြေကွဲပါဗျာ..။
ကဗျာတွေရဲ့ အပြင်မှာတော့ပျော်နေစေချင်ပါတယ်…။

Comment #10

တကယ်ကောင်းပါတယ်
ကဗျာပဲဖြစ်ပါစေ
တကယ်လက်တွေ့တော့မကောင်းဘူး

commentinfo By: အိမ် at Nov 29, 2011
Comment #11

ရင်ငြိမ်းပွင့် ဒီကဗျာများ ဖတ်သွားလေသလား မသိဝူး မမိုးရေ … 🙁

commentinfo By: Nge Lay at Dec 17, 2011
Comment #12

excellent,,,,,,,,,,,,
ma moe ye daw like dar,,
ei lay ngo like p,,,lone wa ma ya dot bu,,

commentinfo By: ei lay at Mar 4, 2012
Comment #13

ဒီကဗျာလေး အတွက် ပေးခဲ့သော…အားဆေး…လေးများအားလုံး
ကျွန်တော် အထူး ကျေးဇူးတင်ပါတယ်……

commentinfo By: အသဲကွဲမိုး at Apr 5, 2012
Comment #14

!_!
!_!
!_!
!_!
!_!

commentinfo By: ei lay at Oct 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment