Professional Authors

ဆရာဝန်က ပြောတယ်

ကိုယ့်အကြောင်း ကိုယ်ကသာ အသိဆုံးဆိုပေမယ့် 
တစ်ခါတလေ ကိုယ့်ကိုယ်ကို ပြန်မေးဖူးတယ်

အခုလည်း ဒီလိုပဲ
မသေချာ မရေရာ အီလည်လည်ကြီးကွာ 
မချို မချဉ် မပေါ့မပါး ရင်ဘတ်ကား 
ပေါက်ကွဲတော့မလိုလို
မင်းထားခဲ့တဲ့နောက် နော်…….။

အစားလည်း မစားနိုင်
အိပ်ရေးကလည်း အပျက်ပျက်နဲ့
တစ်ပတ်တိတိ မျက်ကွင်းများက ချောင်တဲ့အထိ
အိမ်က အမေလည်း မတတ်နိုင် 
အဖေကြီးလည်း လက်မြှောက်ပြီ
ဘေးအိမ်က အဒေါ်ကြီး …
သူငယ်ချင်း အပေါင်းအသင်း.. 
ငါ့ကို နားမလည်နိုင်ကြတော့ဘူး
ကိုယ့်ကိုယ်ကိုလည်း ဘာဖြစ်နေလဲ မသိတော့ဘူး

မတတ်သာတဲ့ အဆုံးမှာ လမ်းထိပ်က
ဆရာဝန်ကို သွားခေါ်
ဆရာဝန် ကလည်း အစွမ်းကုန် ကုမယ်တဲ့
”ဒါပေမယ့် လူနာ့မှာ 
အနာမတွေ့ဘူး သူ့အတွက် ဆေးမရှိဘူး
အနာမသိ ဆေးမရှိ” တဲ့ဗျာ….
ကျနော့်မှာ ဘာဖြစ်နေလဲ poemscorner ရယ်…
 

In: ကဗျာ Posted By: Date: Feb 25, 2011
Comment #1

ဆရာဝန်ခေါ်တာ မှားသွားလို့ပါ
လမ်းထိပ်က ဆရာဝန်ကို ခေါ်ရမှာ မဟုတ်ဘူးလေ

commentinfo By: virtualheart at Feb 25, 2011
Comment #2

ဒါဆို ဘယ်နားက ဆရာဝန်ကို ခေါ်ပြီး ကုရမလဲ
poemscorner မှာ အထူးကု ဆရာဝန်ကြီးများ ရှိလား

commentinfo By: gadounlay at Feb 25, 2011
Comment #3

မသိချင်ယောင် မဆောင်ပါနဲ့ သယ်ရင်းရယ်
ကိုယ့်ဆရာဝန်နဲ့ ကိုယ်ကုပေါ့

commentinfo By: virtualheart at Feb 26, 2011
Comment #4

အကြင်နာတွေနဲ့ မင်းလာကုသပေး ချစ်သူလေး
မင်းရဲ့ အနမ်းသာ အမျှော်လင့်ဆုံးဆေး
ငြိမ်းချမ်းခွင့်ပေး……… အဲသီချင်းလေး အတိုင်းဖြစ်နေပြီထင်တယ်….လာဇရု

commentinfo By: gadounlay at Feb 26, 2011
Comment #5

he,,he,,,
so nice,,
so good,,

commentinfo By: ei lay at Feb 12, 2012
Comment #6

i also need a doctor as soon as possible. he,,he,,,

commentinfo By: ei lay at Apr 1, 2012
Comment #7

depression tway win nay de.

commentinfo By: ei lay at Mar 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment