Professional Authors

မိုးလေ၀သ ကြေညာချက်

ယမန်နေ့က ဖြစ်ပေါ်ခဲ့သော
သိမှုဖိအားနည်းရပ်ဝန်း အားလျော့

မှတ်သားဖွယ်ရာ ဝေဒနာအကျိုးအပျက်များမှာ
ဥပေက္ခာ (၃၂)ပါဒ
အသဲကွဲခြင်း (၃၂)ပါဒ
အလွမ်းစကား ပန်းစကား(၁၄)ပါဒ
မေ့မရခြင်း (၁၂)ပါဒ

အမြင့်ဆုံး လောင်ကျွမ်းခြင်း ၁၅၀၀ ဒီဂရီ  နှင့်
အနိမ့်ဆုံး လောင်ကျွမ်းခြင်း ၅၂၈ ဒီဂရီ

ထိလွယ်ရှလွယ် နှလုံးသားများ
ရံဖန်ရံခါ နာကြည်းမှုများ ကျရောက်နိုင်

လာမည့် သီတင်းပတ်အတွက်
ကဗျာဥာဏ်မှာ
အများအားဖြင့် လင်းပွင့်မည်
ထို့ကြောင့်။

In: ကဗျာ Posted By: Date: Feb 21, 2011
Comment #1

😉

commentinfo By: Nan WIn Hlaing at Feb 21, 2011
Comment #2

မိုက်တယ်ဗျာ …

commentinfo By: Tinkerbell at Mar 22, 2011
Comment #3

ထို့ကြောင့်။…
ဆူနာမီသတင်းထက် ဒီသတင်းပိုကြိုက်တယ် 😛

အားပေးပါ၏။

commentinfo By: abcd at Mar 22, 2011
Comment #4

တာကော ..အတော်ပျောက် သတိရလွန်းနေ၏

commentinfo By: အသဲကွဲမိုး at Aug 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment