Professional Authors

အိမ်ဝေးဌက် – နရီထက်

အတ္တက အပေါ်စီးအုပ်မိုးထားတော့
အမှန်တရားကို ကျောခိုင်းဖို့ လမ်းထွင်ကြတယ်
နောက်ဆုံးကြတော့ ဆောင်းကြိုးညင်းက
ရိသဲသဲ ဆွေးမြည်းမတတ် ပြတ်လွတ်လုပါ

ရင်ခွင်ပိုက်ထွေးယုယမှုက
ဝေးနေသရွေ့
ညတစ္ဆေတွေက အဝေးကို ပြေးနှင့်ဖို့
ပိုင်နက်ထဲက စည်းပြင်ပကို မောင်းထုတ်နေကြတယ်

ကျောပိုးအိတ်တစ်ခုက ဘ၀တွေကို ထုပ်ပိုးဖို့ဆို
ခရီးထွက်ရွက်လွင့်နေကြတာ အများကြီးပါ
မျှော်လင့်ချက် သဲကန္တာရထဲမှာပါ

နွေးထွေးမှုကို ပြေးကြည့်မိတော့
ရက်စက်ခါးသီးမှုတွေက ပြေးလိုက်လာကြတယ်
အမှန်တရားကို မသိကျိုးကျွံပြုမိတော့
သစ္စာဖောက်မှုတွေက မြိန်ရေယှက်ရည်စားသုံးဖို့ဖြစ်လာတယ်

နွေးထွေးမှုက အနွေးထည်တစ်လောက်
တန်ဘိုးမရှိတော့ အရှုံးဆိုတာ
ကန်စွန်းရွက်ပလိန်းကြော်တစ်ပွဲလောက်
အမြတ်မထွက်ခဲ့ဘူး

ပြေးလွှားနေတဲ့ အစုအဝေးတစ်နေရာကြားမှာ
ငါတို့က အိမ်ပြေးဌက်မဟုတ်ခဲ့ကြဘူး
အိမ်ဝေးဌက်တွေပါ…။       ။

နရီထက်
( ၂၁ ၊ ဖေဖော်ဝါရီလ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Feb 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment